ITU Innovation Challenge 2020 အတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်

International Telecommunication Union (ITU) Telecom World က ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ITU Innovation Challenges 2020 ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ သိရပါတယ်။

ပြိုင်ပွဲကို အိုင်စီတီနည်းပညာ အသုံးပြုရပြီး စိတ်ပါဝင်စားတဲ့လူငယ် Social Entrepreneurs တွေနဲ့ Strat-up တွေ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို Category ၃ မျိုးဖြစ်တဲ့ The Digital Change-maker Challenge, The Ecosystem Best Practice Challenge နဲ့ The Women in Tech Challenge ဆိုပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။ The Digital Change-maker Challenge မှာ cybersecurity and regulation, digital inclusion, climate change အကြောင်းအရာတွေပါဝင်တဲ့ Application နဲ့ Mobile App တွေ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပြီး လက်တွေ့လူမှူဘဝအတွက် အသုံးဝင်တဲ့ app များ၊ value chain တွင်ပြောင်းလဲမှုများ ဖန်တီးပေးတဲ့ COVID-19 ကာလမှာ ပြောင်းလဲမှုတွေ ရင်ဆိုင်ဖြေရှင်းရာမှာအသုံးပြုသော၊ သုံးစွဲလျက်ရှိတဲ့ Application နဲ့ Mobile App တွေနဲ့ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

The Ecosystem Best Practice Challenge မှာတော့ နည်းပညာပြောင်းလဲမှုတွေပေးတဲ့ solutions တွေ၊ ဒစ်ဂျစ်တယ် နည်းပညာကွာဟချက်ကို ဖြေလျှော့ပေးတဲ့ Solutions တွေ၊ Best Practice အဖြစ် အတုယူနိုင်တဲ့ Solutions တွေနဲ့ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ The Women in Tech Challenge မှာတော့ စိုက်ပျိုးရေး၊ ဖက်ရှင်နဲ့ ကျန်းမာရေးကဏ္ဍများ အစရှိတာတွေမှာ နည်းပညာ အသုံးပြုဆောင်ရွက်နေတဲ့ အမျိုးသမီးတွေ၊ အမျိုးသမီး စွမ်းဆောင်မှုများကို မြှင့်တင်ပေးတဲ့ Innovators များ ပါဝင်ယှဥ်ပြိုင်နိုင်ပါတယ်။

ပါဝင်ယှဥ်ပြိုင်သူတစ်ဦးလျှင် Challenge တစ်ခုသာလျှင် ရွေးချယ်ယှဥ်ပြိုင်ရမှာ ဖြစ်ပြီး ပြိုင်ပွဲ နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို https://innovation.itu.int မှာလည်းကောင်း၊ Application Criteria နဲ့ guideline တွေကို https://cocreate.itu.intမှာ လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ဇူလိုင် ၃၁ ရက် နောက်ဆုံးထားကာ Final Submission ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း ပြိုင်ပွဲဝင်များအနက်မှ Category တစ်မျိုးစီအတွက် ဆုရရှိသူ ငါးဦးစီကို သြဂုတ်လအစောပိုင်းမှာ ရွေးချယ်ကြေညာပေးသွားမှာဖြစ်ပြီး ဆုရရှိသူတွေအနေနဲ့ အောက်တိုဘာလ အတွင်း ကျင်းပပြုလုပ်မယ့် Global Innovation Forum ဆွေးနွေးပွဲ ကာလအတွင်း ထည့်သွင်းကျင်းပမယ့် Capacity-building workshops အလုပ်ရုံဆွေးနွေးပွဲတွေကို ဖိတ်ကြားခံရမယ့် အခွင့်အရေးနဲ့ နိုင်ငံတကာမှ Experts များ၊ Decision Makers များ၊ Technology Leader များနှင့် အတွေ့အကြုံတွေ ဖလှယ်သွားနိုင်မယ့် အခွင့်အလမ်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကိုတော့ COVID-19 ဖြစ်ပွားမှုအခြေအနေများကြောင့် ဆွေးနွေးပွဲကို Online Event အဖြစ်သာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲလျှောက်ထားသည့် အမျိုးအစား၊ အခြေအနေနဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရုံး၊ [email protected], [email protected] သို့ ဇူလိုင် ၂၅ ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပြီး အသေးစိတ် ထပ်မံသိရှိလိုတာတွေကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ရုံးခန်း အဆောင် ၉၊ မြေညီထပ်၊ MICT Park ဖုန်း – ၀၁-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ