
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ITPEC(FE) Exam Preparation သင်တန်း ဖွင့်လှစ်မယ်လို့သိရပါတယ်။
Fundamentals Information Technology Engineer Examination (FE) စာမေးပွဲဟာ အိုင်တီဆိုင်ရာ အခြေခံဗဟုသုတရှိပြီး အိုင်တီနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်သူတွေ အတွက် ရည်ရွယ်စစ်ဆေးတဲ့စာမေးပွဲ ဖြစ်ပါတယ်။ သင်တန်းကို မတ် ၇ ရက်၊ ၈ ရက်၊ ၁၄ ရက်၊ ၁၅ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၈ ရက်၊ ၂၉ ရက်၊ ဧပြီ ၄ ရက်နဲ့ ၅ ရက်တွေမှာ ဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် ၉ နာရီမှ ၅ နာရီခွဲ အထိဖြစ်ပါတယ်။
သင်ကြားမယ့် ဘာသာရပ်တွေကတော့ Computer System, OS, Data Structure, Algorithm, Program Design, Operation Research, Accounting & Application, Network and Security, Java, Strategy & Management, Database, System Development and System Operation Maintenance (Question Oriented Approach တို့ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ ဖေဖော်ဝါရီ ၇ ရက် မှစတင်ကာ စာရင်းပေးသွင်းနိုင်ပြီး သင်တန်းကြေးမှာ ၃၀,၀၀၀ ကျပ် ဖြစ်ပါတယ်။အသေးစိတ်ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ ဖုန်း-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃၊ MCPA ဖုန်း-၆၅၂၂၇၆၊ ၀၉၅၀၆၇၁၆၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
-သန္တာ