ITPEC စာမေးပွဲများ အောက်တိုဘာလသို့ ရွှေ့ဆိုင်း

ဧပြီလမှာကျင်းပတဲ့ Information Technology Professionals Examination Council(ITPEC Exam)စာမေးပွဲတွေကို အောက်တိုဘာလသို့ ရွှေ့ဆိုင်းလိုက်ပါတယ်။

စာမေးပွဲတွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးရဲ့ စာအမှတ် ၇၀ (၂၃)/၁/ သမ္မတရုံးဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၁၃ ရက်တွင် ထုတ်ပြန်သောစာအရ COVID-19 ကမ္ဘာ့ကပ်ရောဂါသည် လူစုလူဝေးမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူစုလူဝေးဖြင့်ကျင်းပရသည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ဟောပြောဆွေးနွေးပွဲများ နှင့် ပွဲလမ်းသဘင်များကို ယာယီရပ်ဆိုင်းထားရမှာ ဖြစ်တဲ့အတွက် ယခုလို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ITPEC စာမေးပွဲတွေကတော့ Information Technology Passport Examination (IT Passport), Fundamental Information Technology Engineer Examination (FE) , Applied Information Technology Engineer Examination (AP) တွေပဲဖြစ်ပါတယ်။

-သန္တာ