ITPEC စာမေးပွဲများကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပတဲ့ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲတွေကို ဧပြီ ၂၆ ရက်မှာ ကျင်းပမယ်လို့သိရပါတယ်။

Information Technology Passport Examination (IT Passport) စာမေးပွဲအနေနဲ့ အိုင်တီဆိုင်ရာအခြေခံ ဗဟုသုတရှိပြီး အိုင်တီနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေသူတွေ အတွက် လည်းကောင်း၊ Fundamental Information Technology Engineer Examination (FE) စာမေးပွဲ အနေနဲ့ အိုင်တီဆိုင်ရာ ဗဟုသုတ အခြေခံကျွမ်းကျင်မှုရှိပြီးသူတွေ၊ Programmer တွေ၊ Program Design ရေးဆွဲသူတွေ နဲ့ Software Development လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ အတွက်လည်းကောင်း၊ Applied Information Technology Engineer Examination (AP) စာမေးပွဲအနေနဲ့ အိုင်တီဗဟုသုတွေနဲ့ ကျွမ်းကျင်မှုတွေကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်စွမ်း (Apply) ရှိသူတွေ၊ အဆင့်မြင့်အိုင်တီ လူ့စွမ်းအားအရင်းအမြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူတွေ အတွက်လည်းကောင်း အလုပ်အကိုင် အခွင့်အလမ်းအတွက် ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ် ရရှိစေမယ့် စာမေးပွဲအသီးသီး ဖြစ်ပါတယ်။

IT Passport စာမေးပွဲကို ဧပြီ ၂၆ ရက်၊ နံနက် ၉ နာရီခွဲ မှ ၁၁ နာရီခွဲအထိ လည်းကောင်း၊ FE စာမေးပွဲကို ဧပြီ ၂၆ ရက် နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိ နဲ့ နေ့လယ် ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မှာ ကျင်းပပေးသွားမှာပါ။ ဖြေဆိုလိုသူတွေ အနေနဲ့ ဧပြီ ၄ ရက်နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်ထပ်မံသိရှိလိုသူတွေအနေနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF)၊ ဖုန်း-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃၊ MCPA ဖုန်း-၆၅၂၂၇၆ နဲ့ ၀၉၅၀၆၇၁၆၈ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ