ITIL Foundation v3 and v4 introduction သင်တန်းဖွင့်လှစ်မည်

[ Zawgyi ]





 

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး Information Technology ပိုင်းဆိုင်ရာ ITIL Foundation versions 3 (including ITIL Foundation version 4 introduction) သင်တန်းဖွင့်လှစ်သွားမယ် လို့ သိရပါတယ်။

မိမိကိုယ်ပိုင် တည်ထောင်ထားတဲ့ နည်းပညာဆိုင်ရာ စီးပွားရေးအတွေ့အကြုံ၊ နိုင်ငံတကာ လုပ်ငန်းများတွင် Information Security Manager နဲ့ IT Infrastructure Engineer လုပ်ငန်းအတွေ့အကြုံ၊ ပြည်တွင်း ကုမ္ပဏီများတွင် Technical Instructor အတွေ့အကြုံနဲ့ အစိုးရလုပ်ငန်းများတွင် Technical Consultant စတဲ့ အတွေ့အကြုံတို့ကို အခြေခံ၍ တာဝန်ယူသင်ကြားပေးမယ်လို့ သိရပါတယ်။ သင်တန်းကို Information Technology Service Management and Operation အကြောင်းစိတ်ဝင်စားသူတွေ၊ ITSM and ITIL အကြောင်း အခြေခံနဲ့ Operation State တစ်ခုချင်းစီရဲ့ lifecycle မည်သို့ ပြောင်းလဲသွားသည်ကို သိရှိလိုသူများ၊ ITIL ၏ key element, concepts, and terminology used in the ITIL service lifecycle အကြောင်းနားလည်လိုသူများ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ မွမ်းမံသင်ခန်းစာအနေနဲ့ Digital Transformation အကြောင်းကို ထည့်သွင်းပြောကြားသွားမယ်လို့ သိရပါတယ်။

သင်တန်းပြီးဆုံးပါက ITIL foundation ကို အခြေခံသိရှိနားလည်ပြီး ITIL ရဲ့ Framework ကို ရှင်းလင်း‌ပြောဆိုနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် ITIL ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်တွေနဲ့ လက်တွေ့ ဥပမာများ အသုံးပြုပြီး ကုမ္ပဏီတစ်ခု/အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်တဲ့ Digital Transformation အထောက်အကူပြုစေခြင်းဖြင့် စနစ်တကျ သိရှိနားလည်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ သင်တန်းကာလက ဇွန် ၁၅ ရက် မှ ဇွန် ၃၀ ရက်အထိ (စနေ၊ တနင်္ဂနွေ) ဖြစ်ပြီး စုစုပေါင်း နာရီ ၃၀ (အသင်းသား ဝင်ရောက်ခွင့် အတွက် Credit Score ရရှိမည်) ဖြစ်ပါတယ်။ သင်တန်းချိန်က နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖြစ်ပြီး သင်တန်းကြေး ၁၂၀,၀၀၀ ကျပ်ဖြစ်ပါတယ်။ MCPA အသင်းဝင်တွေအနေနဲ့ သင်တန်းကြေား ၁၀ ရာခိုင်နှုန်း သက်သာခွင့် (၁ နှစ်မှ ၁ နှစ်အထက်)၊ ၂၀ ရာခိုင်နှုန်းသက်သာခွင့် (၂ နှစ်မှ ၂ နှစ် အထက်) တွေကို ရရှိမှာဖြစ်ပါတယ်။

သင်တန်းသားဦးရေ ၂၀ ကိုသာလက်ခံသွားမှာဖြစ်ပြီး သင်တန်းတည်နေရာကတော့ MCPA Lab ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း -၁၀-၆၅၂၂၇၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။