IT , e-ID တို႔ႏွင့္ ပတ္သက္၍ ေခတ္ႏွင့္ ေလ်ာ္ညီသည့္ ဥပေဒ၊ နည္းဥပေဒသစ္မ်ား ျပန္လည္ေရးဆြဲနိုင္ေရးလိုအပ္

IT (Information Technology) နဲ႔ e-ID စနစ္ေတြနဲ႔ ပတ္သက္ၿပီး ေခတ္စနစ္နဲ႔ ေလ်ာ္ညီတဲ့ ဥပေဒ၊ နည္းဥပေဒသစ္ေတြ ျပန္လည္ေရးဆြဲနိုင္ေရးအတြက္ ပူးေပါင္း ညႇိႏွိုင္းေဆာင္ရြက္ သြားၾကဖို႔ လိုအပ္မွာျဖစ္ေၾကာင္း e-Government ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယ သမၼတ ဦးျမင့္ေဆြ ကေျပာပါတယ္။

e-Government ဦးေဆာင္ေကာ္မတီရဲ႕ ဒုတိယအႀကိမ္လုပ္ငန္း ညႇိႏွိုင္းအစည္းအေဝးကို ေနျပည္ေတာ္မွာက်င္းပခဲ့ၿပီး e-Government ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယ သမၼတ ဦးျမင့္ေဆြ တက္ေရာက္အမွာစကားေျပာၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ ေၾကာင္းသိရပါတယ္။ ISO (International Standard Organization) အရ ကိုက္ညီတဲ့ ျမန္မာ Unicode ကို စံစနစ္အျဖစ္ တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ သတ္မွတ္ အသုံးျပဳေရး ကိုလည္း အျမန္အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကဖို႔ လိုအပ္မွာ ျဖစ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

လုပ္ငန္းေတြေဆာင္ရြက္ၾကရာမွာ Re-engineering အပိုင္းမွာ လက္ရွိေဆာင္ရြက္ ေနၾကတဲ့ လုပ္ထုံးလုပ္နည္းနဲ႔ လုပ္ငန္းစဥ္ေတြကို ျပန္လည္သုံးသပ္ၿပီး မလိုအပ္တဲ့ အခ်က္ေတြကို ေလ်ာ့ခ်ကာ ေခတ္စနစ္နဲ႔ ေလ်ာ္ညီေအာင္ ေဆာင္ရြက္နိုင္ေရးအတြက္ ပူးေပါင္းညႇိႏွိုင္း ေဆာင္ရြက္ၾကရန္ လိုအပ္မွာျဖစ္ေၾကာင္းေျပာၾကားခဲ့တယ္လို႔သိရပါတယ္။ Quick Win အျဖစ္ PPP (Public Private Partnership) ပုံစံျဖင့္ အေကာင္ အထည္ေဖာ္နိုင္မယ့္ ဝန္ေဆာင္မႈေတြကိုလည္း ေသခ်ာစြာ ေလ့လာသုံးသပ္ၿပီး အလ်င္အျမန္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားၾကေစလိုေၾကာင္း၊ ေကာ္မတီ အားလုံး အေနနဲ႔ လုပ္ငန္းေဆာင္ရြက္ၿပီးစီးမႈနဲ႔ တိုးတက္မႈ အေျခအေနေတြကိုလည္း လစဥ္အစီရင္ခံစာျပဳစု တင္ျပသြားရန္ တိုက္တြန္းေျပာၾကားလို ေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

IT (Information Technology) နဲ့ e-ID စနစ်တွေနဲ့ ပတ်သက်ပြီး ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေ၊ နည်းဥပဒေသစ်တွေ ပြန်လည်ရေးဆွဲနိုင်ရေးအတွက် ပူးပေါင်း ညှိနှိုင်းဆောင်ရွက် သွားကြဖို့ လိုအပ်မှာဖြစ်ကြောင်း e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ကပြောပါတယ်။

e-Government ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့ပြီး e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။ ISO (International Standard Organization) အရ ကိုက်ညီတဲ့ မြန်မာ Unicode ကို စံစနစ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ် အသုံးပြုရေး ကိုလည်း အမြန်အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လုပ်ငန်းတွေဆောင်ရွက်ကြရာမှာ Re-engineering အပိုင်းမှာ လက်ရှိဆောင်ရွက် နေကြတဲ့ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြီး မလိုအပ်တဲ့ အချက်တွေကို လျော့ချကာ ခေတ်စနစ်နဲ့ လျော်ညီအောင် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်မှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ Quick Win အဖြစ် PPP (Public Private Partnership) ပုံစံဖြင့် အကောင် အထည်ဖော်နိုင်မယ့် ဝန်ဆောင်မှုတွေကိုလည်း သေချာစွာ လေ့လာသုံးသပ်ပြီး အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်သွားကြစေလိုကြောင်း၊ ကော်မတီ အားလုံး အနေနဲ့ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနဲ့ တိုးတက်မှု အခြေအနေတွေကိုလည်း လစဉ်အစီရင်ခံစာပြုစု တင်ပြသွားရန် တိုက်တွန်းပြောကြားလို ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

-ထွန်းထွန်း