
Samsung ဟာ လာမယ့်နှစ် Galaxy S21 ဖုန်းတွေမှာ ထည့်သွင်းဖို့ ISOCELL Vizion ကင်မရာကို 3D ToF sensor နဲ့ကိုက်ညီအောင် ဖန်တီးနေပါတယ်။ Samsung က ကင်မရာအတွက် EUIPO မူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်ထားပါတယ်။
Samsung ဟာ Galaxy Note 20 မှာ 3D ToF sensor မထည့်သွင်းထားပါဘူး။ Sony အနေနဲ့ Apple ရဲ့ အမှာစာတွေ လုပ်ကိုင်နေရတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် Samsung က Galaxy S21 ဖုန်းအတွက် ကိုယ်ပိုင် sensor ကိုဖန်တီးလိုက်ပါတယ်။
စာရွက်စာတမ်းအရ Samsung ရဲ့ ISOCELL Vizion sensor မှာတော့ facial recognition ပါဝင်လာဖွယ် ရှိပါတယ်။
-စိုးထက်
Ref: GSMArena