
စျေးနှုန်း − ကန်ဒေါ်လာ ရ၂၉ (Amazon)
အားသာချက်
အရွယ်အစား သေးငယ်တာကို ကြိုက်တဲ့သူတွေအတွက် ပြီးပြည့်စုံမှုရှိတဲ့ ကိုယ်ထည်၊ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ 5G ထောက်ပံ့ပါဝင်မှု၊ မြင့်မားတဲ့ ကင်မရာစွမ်းဆောင်ရည်၊ ရေစိုခံစနစ်နဲ့ ကြိုးမဲ့အားသွင်းစနစ်တွေ ထောက်ပံ့ပါ
ဝင်တဲ့ အပြင် iPhone 12 မှာသုံးထားတဲ့ စွမ်းဆောင်ရည်မြင့် A14 Bionic CPU ကို ထည့်သွင်း အသုံးပြုထားတာနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေရှိတာက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
ဖုန်းအတွက် အားသွင်း Charger မပါဝင်တာနဲ့ ဘက်ထရီက iPhone 12 မော်ဒယ်လောက် မခံတာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
|
iPhone 12 နဲ့ iPhone 12 Pro တွေမှာ သုံးထားတဲ့ စွမ်းဆောင်ရည်အထူးမြင့်မား ကောင်းမွန်တဲ့ A14 Bionic processor ကိုပဲ iPhone 12 mini မှာ ထည့်သွင်း အသုံးပြုထားပါတယ်။ ဂိမ်းကစားတာကနေ ဆိုရှယ်မီဒီယာ ပြောင်း
သုံးတာမျိုး ဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာအသုံးပြုတာ ဖြစ်ဖြစ် ဖုန်းက နှေးသွားတာ လေးတာမျိုး မရှိဘဲ သုံးနိုင်ပါတယ်။ နောက်တစ်ခုက ဂရပ်ဖစ်ဂိမ်းဖြစ်တဲ့ Asphalt 9 Legends ကို ဒီလို မြင်ကွင်းသေးတဲ့ ဖုန်းလေးမှာ ကောင်းကောင်းဆော့နိုင် တာကလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ။ iPhone 12 mini ရဲ့ Geekbench 5 multi-core ရမှတ် ၄၁၂၃ ရှိပြီး ဒီရမှတ်က ၃၈၅၉ ရထားတဲ့ iPhone 12 ထက် ပိုများတဲ့ ရမှတ်ဖြစ်နေ
တာက သဘောကျစရာပါ။ iPhone 12 မော်ဒယ်တွေမှာမှ ပါဝင်လာတဲ့ iOS 14 ကို အသုံးပြုထားပြီး iOS 14 မှာ ယခင် iOS 13 ထက် ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်ထားမှုတွေ များစွာ ပါဝင်လာပါတယ်။ App Library
စနစ်၊ ဒီဇိုင်းအသစ် ဖန်တီးထားတဲ့ Maps စနစ်၊ Messages စနစ်၊ သီချင်းနဲ့ ဗီဒီယိုနားထောင်တာတွေ ဘယ် App ဖြင့်မဆိုသုံးနိုင်မယ့် Picture-in-picture mode စတာတွေ ပါဝင်လာပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
|
iPhone 12 လိုပဲ flat-edge မျက်နှာပြင်၊ ကိုယ်ထည်ကို matte သတ္တုသုံးထားတာဖြစ်ပြီး ရှေ့နောက် မျက်နှာပြင်တွေကို အပွန်းအစင်းခံနိုင်တဲ့ Scratch-resistant ceramic ဖန်သားနဲ့ ဖုံးအုပ်ထားပါတယ်။ ပရီမီယံဆန်တဲ့ ဒီဇိုင်းက အထူးဆွဲဆောင်မှုရှိသလို ကိုင်ရတာ ကျစ်လျစ်မှုရှိပြီး အိတ်ထဲ အလွယ်ထည့်သွားနိုင််တဲ့ အရွယ်အစား ဖြစ်ပါတယ်။ ကျောဘက်ကင်မရာနှစ်လုံးကို ဒေါင်လိုက်အနေနဲ့ လေးထောင့်ကွက်ထဲမှာ ဖလက်ရှ်နှစ်လုံးနဲ့ ပူးတွဲ ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကို notch ထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲက ပါဝါခလုတ် (Side button) နဲ့ SIM ကတ်ပေါ်တွေရှိပြီး ဘယ်ဘက်ဘောင်ထဲမှာ အသံအတိုးအကျယ် ခလုတ်နဲ့ Ring/Silent ခလုတ်တွေ ထည့်သွင်းထားပါတယ်။ အောက်ဘက်ဘောင်ရဲ့ Lighting connector ရဲ့ တစ်ဖက်တစ်ချက်စီမှာ စတူဒီယိုစပီကာတွေကို တပ်ဆင်ထားပါတယ်။
iPhone 12 mini ရဲ့ Display က ၅.၄ လက်မရှိတဲ့ Super Retina XDR OLED Display ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2340×1080 pixel အထိ ထောက်ပံ့ပေးနိုင််ပါတယ်။ HDR 10 ထောက်ပံ့ပါဝင်တဲ့ Display က ကာလာပိုင်းစိုပြည် ကောင်းမွန်သလို တောက်ပမှုကလည်း အပြင်ဘက် နေရောင်အောက်မှာ ကြည့်ရှုဖို့အတွက် အဆင်ပြေတယ်လို့ ဆိုရမှာပါ။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၅.၁ ရာခိုင်နှုန်း ရှိပြီး Screen ရဲ့ pixel densiy က 476
ppi ရှိပါတယ်။ Face ID လုံခြုံရေးစနစ်ကတော့ ရှေ့ဘက်မျက်နှာပြင် ထိပ်ပိုင်းရှိ notch ထဲမှာပါ။
ကင်မရာ
|
|
|
|
|
iPhone mini ရဲ့ ကျောဘက်မှာ aperture f/1.6 ရှိတဲ့ 12MP အဓိကကင်မရာနဲ့ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ aperture f/2.4 ရှိတဲ့ 12MP ultrawide ကင်မရာတွေကို တပ်ဆင်ထားပြီး ကင်မရာမှာ OIS နည်းပညာ၊ PDAF နည်းပညာနဲ့ gyro-EIS စနစ်တွေထောက်ပံ့ ပါဝင်ပါတယ်။ iPhone 12 မော်ဒယ်တွေရဲ့ aperture f/1.6 နေ့ဘက်ပိုင်း ရိုက်ကူးမှုအတွက် ရုပ်ထွက်ပိုင်းကောင်းမွန်သလို detail, sharpness ပိုင်းနဲ့ ကာလာပိုင်းကလည်း သဘာဝကျလှပါတယ်။ Telephoto ကင်မရာ မပါဝင်ပေမယ့် အဓိက ကင်မရာကနေ 2x zoom အနေနဲ့ ဆွဲယူရိုက်ကူးနိုင်မှာ ဖြစ်သလို သူ့ရဲ့ 2x mode ရုပ်ထွက်က ကျေနပ်စရာကောင်းလှပါတယ်။ Apple Night mode ကလည်း ဒီ
ဖုန်းမှာ အများကြီးကောင်းမွန်လာတာ တွေ့ရပါတယ်။ ညပိုင်းရိုက်ကူးထားတဲ့ iPhone 11 Pro ဓာတ်ပုံနဲ့ iPhone 12 mini ရဲ့ဓာတ်ပုံကို ယှဉ်မယ်ဆိုရင်တောင် ခွဲရခက်ပါတယ်။ ဒါပေမဲ့ iPhone 12 mini ရဲ့ ဓာတ်ပုံကို အနီးကပ်ဆွဲကြည့်မယ် ဆိုရင်တော့ Sharpness ပိုင်းပိုကောင်းတာ သဘောကျစရာပါ။
ရှေ့ဘက် 12MP ကင်မရာက Selfie နဲ့ portrait ဆန်ဆန်ပုံတွေကို နောက်ခံဝါးဝါးနဲ့ သဘာဝကျကျ ရုပ်ထွက်ကောင်းကောင်း ရိုက်ကူးနိုင်မှာ ဖြစ်ပြီး Apple ရဲ့ Deep Fusion လုပ်ဆောင်ချက်ကလည်း ဓာတ်ပုံရဲ့ ကာလာရုပ်ထွက်ပိုင်းကို အကောင်းဆုံး ဖော်ဆောင်ပေးတာကလည်း ကျေနပ်စရာပါ။ ဗီဒီယိုအနေနဲ့ ကျောဘက်ကင်မရာနဲ့ 4K HDR ဗီဒီယိုကို 24/30/60fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပြီး 1080p ဗီဒီယိုကို 30/60/120/240fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက် selfie ကင်မရာနဲ့လည်း 4K ဗီဒီယိုတွေကို 24/30/60fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ဗီဒီယိုစနစ်အတွက် HDR နဲ့ gyro-EIS စနစ် ထောက်ပံ့ပါဝင်ပါတယ်။
ဘက်ထရီ
|
|
|
|
iPhone 12 mini ရဲ့ ကိုယ်ထည်အရွယ်အစား သေးသေးလေးထဲမှာ 2777mAh ပမာဏ ဘက်ထရီကို ထည့်သွင်းထားပြီး Apple ကတော့ ပုံမှန် ဗီဒီယို အဆက်မပြတ်ကြည့်တာကို ၁၅ နာရီနဲ့ Stream အနေနဲ့ ဗီဒီယိုကြည့်တာကို ၁၀ နာရီဝန်းကျင် အသုံးပြုနိုင်မယ်လို့ ဆိုထားပါတယ်။ Screen တောက်ပမှု 150nits နဲ့ 5G မိုဘိုင်းဒေတာသုံးပြီး အွန်လိုင်းအသုံးပြုတာကို ရ နာရီနဲ့ ၂၈ မိနစ်လောက် အသုံးပြုနိုင်တာတွေ့ရပါတယ်။ ဒီပမာဏက ၆.၁
လက်မ အရွယ်အစား iPhone 12 ရဲ့ ၈ နာရီနဲ့ ၂၅ မိနစ်ကြာသုံးနိုင်တဲ့ ကြာချိန်ထက် နည်းတယ်လို့ ဆိုရမှာပါ။ iPhone 12 mini မှာ အားသွင်း Charger မပါဝင်ပါဘူး။
15W MagSafe charging စနစ်ကိုသုံးပြီး အားသွင်းနိုင်မှာ ဖြစ်သလို 12W Qi ကြိုးမဲ့အားသွင်းစနစ်ကို သုံးကာလည်း ဖုန်းကို အားသွင်းနိုင်မှာပါ။ ဒီဖုန်းမှာ ပါဝင်တဲ့ 20W အားသွင်းမြန်ဆန်တဲ့စနစ်က မိနစ် ၃၀ အတွင်း ၆၀ ရာခိုင်နှုန်း အထိ အားသွင်းပေးနိုင်ပါတယ်။
သုံးသပ်ချက်
iPhone 12 mini က ဖုန်းသုံးသူတွေ အထူးဆွဲဆောင်နိုင််တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ အရွယ်အစား သေးငယ်သလို Apple နောက်ဆုံးထွက် iPhone 12 မော်ဒယ်ရဲ့ Flagship လုပ်ဆောင်ချက်တွေကို ပိုင်ဆိုင်ထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး ဈေးကလည်း လူတိုင်း အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ပြောလို့ရပါတယ်။ 5G စနစ်ကို အသုံးပြုချင်သူတွေအတွက် အဓိက ဦးတည်ပြီးထုတ်လုပ်ထားတဲ့ ဒီဖုန်းက သုံးစွဲသူတွေ
ကို အထူး ဆွဲဆောင်နိုင်မှာဖြစ် သလို အရွယ်အစားကြီးပေမယ့် ဈေးပိုကြီးသလို Charger နဲ့ နားကြပ်တွေမပါတဲ့ iPhone 12 ဝယ်မယ့်အစား ဒီဖုန်းက သုံးရတာ ပိုတန်တယ်လို့ သုံးသပ်ရမှာပါ။ ဘက်ထရီက တစ်နေ့တာအတွက် လုံလောက်ရုံလောက်သာ အသုံးပြုနိုင်တာကလွဲရင် သင့်အနေနဲ့ Portable ဖုန်းသုံးရတာ နှစ်သက်တယ်ဆိုရင် တော့ ဖုန်းစွမ်းဆောင်ရည်၊ ကင်မရာစွမ်းဆောင်ရည် မြင့်မားကောင်းမွန်ပြီး 5G ဖုန်းတစ်လုံးဖြစ်တဲ့ iPhone 12 mini က ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ဆိုချင်ပါတယ်။
-ရဲထွဋ်ဝင်း