iPhone XR

[ Zawgyi ]

Price : 1,550,000 [Dual SIM/ 256GB]

အားသာခ်က္

ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္သလို iPhone တစ္လုံးအေနနဲ႔ ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ကာလာေလးေတြနဲ႔ ေရြးခ်ယ္အသုံးျပဳႏုိင္တာေတြက သေဘာက်စရာပါ။ ေနာက္ထပ္ ႀကိဳက္တဲ့အခ်က္ကေတာ့ သူ႔မွာပါ၀င္တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့ ေစ်းသက္သာတဲ့အတြက္ သုံးေပ်ာ္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။

အားနည္းခ်က္

ဒီဖုန္းရဲ႕ Portrait ကင္မရာစနစ္ကေတာ့ သာမန္ေလာက္ပဲရွိတယ္ လို႔ခံစားရပါတယ္။ ဖုန္း Screen ရဲ႕ အရည္အေသြးက Low-res screen အမ်ဳိးအစားျဖစ္ပါတယ္။ ေစ်းသက္သာတယ္ ဆိုေပမယ့္ Android OS စနစ္သုံး Hight-end ဖုန္းေတြနဲ႔ယွဥ္မယ္ဆိုရင္ေတာ့ ေစ်းႀကီးေနေသးတယ္လို႔ ဆိုရမွာပါ။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

iPhone XR က သူ႔အရင္ home ခလုတ္ပါတဲ့ iPhone အသုံးျပဳတဲ့ သူေတြေကာ iPhone ကို စၿပီးသုံးမယ့္သူ ႏွစ္မ်ဳိးစလုံးအတြက္ အလြယ္တကူ အသုံးျပဳႏုိင္မယ့္ အရြယ္အစားဒီဇုိင္းနဲ႔ ထုတ္လုပ္ထားသလို ျမင္ကြင္းထိပ္ဘက္နားမွာ notch ပါတဲ့ Display က ဖုန္းကို မ်က္ႏွာျပင္အျပည့္ ဒီဇိုင္းနဲ႔ အသုံးျပဳရမွာ ျဖစ္ပါတယ္။ ေဘာင္နဲ႔ ေထာင့္ေကြးေတြက လုံး၀န္းတဲ့ပုံစံရွိၿပီး ကိုယ္ထည္ဖြဲ႔စည္းမႈက အလူမီနီယံနဲ႔ ဖန္အေရာအေနနဲ႔ ဖန္တီးထားတာ ျဖစ္ပါတယ္။ ပတ္လည္ေဘာင္ကိုေတာ့ မာေက်ာမႈရွိေအာင္ တည္ေဆာက္ထားတာျဖစ္ၿပီး iPhone X ရဲ႕ ခလုတ္ ပါ၀င္မႈပုံစံအတုိင္း ျပဳလုပ္ေပးထားပါတယ္။ စပီကာေတြကိုေတာ့ အေပၚဘက္နဲ႔ ဖုန္းရဲ႕ေအာက္ဘက္ ေဘာင္ထဲမွာ ထည့္သြင္းထားၿပီး စတူဒီယုိအသံထြက္ကို ခံစားႏုိင္မွာ ျဖစ္ကာ ကိုယ္ထည္က IP67 အဆင့္ ေရစိုခံႏုိင္မႈရွိပါတယ္။

Display ကေတာ့ Liquid Retina LCD နည္းပညာအသုံးျပဳထားတဲ့ Display ျဖစ္ၿပီး ႐ုပ္ထြက္အရည္အေသြး 828×1792 pixels အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ မ်က္ႏွာျပင္အက်ယ္ ၆.၁ လက္မရွိတဲ့ 19.5:9 ရွိတဲ့ ျမင္ကြင္းအမ်ဳိးအစား ျဖစ္ၿပီး ဖုန္းကိုယ္ထည္မွာ Screen ပါ၀င္မႈႏႈန္း ၇၉ ရာခုိင္ႏႈန္းရွိပါတယ္။

စြမ္းေဆာင္ရည္

Hexa-core 2.5 GHz Vortex ႏွစ္လံုးနဲ႔ 1.6GHz Tempest ေလးလံုး စုစုေပါင္း Core (၆) လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Apple A12 Bionic (7 nm) ကိုသံုးထားတာပါ။ GPU အေနနဲ႔ Apple ရဲ႕ 4-core graphic ကို အသုံးျပဳထားပါတယ္။ iOS 12 ထည့္သြင္းထားၿပီး iOS 12.1 ကို upgrade ျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။

ကင္မရာ

iPhone ထြက္သမွ်ကိုပဲ ကိုင္တဲ့သူေတြအတြက္ကေတာ့ iPhone XR ရဲ႕ ကင္မရာပိုင္းက သိပ္ၿပီး အထင္ႀကီးစရာ မေကာင္းဘူးလို႔ ထင္စရာရွိပါတယ္။ ဒါေပမဲ့ ဒီလိုအထင္ႀကီးစရာမျဖစ္တာက မေကာင္းဘူးလို႔ဆိုလိုတာ မဟုတ္ပါဘူး။ ပုံထြက္ေကာင္းေကာင္းေတြကို ႐ိုက္ကူးႏုိင္သလို snap ေတြကိုလည္း သြားရင္းလာရင္း ပုံထြက္ေကာင္းေကာင္းနဲ႔ ႐ိုက္ကူးႏုိင္ေအာင္နဲ႔ နဂိုထြက္ခဲ့တဲ့ ကင္မရာတစ္လုံးထဲပါတဲ့ ေမာ္ဒယ္ေတြထက္ ကင္မရာပိုင္း ပိုမိုအဆင့္ျမင့္ေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။

ေရွ႕ကင္မရာကလည္း Selfie ဓာတ္ပုံ႐ိုက္ကူးမႈအတြက္ အထင္ႀကီးစရာေကာင္းေလာက္ေအာင္ blur လုပ္ေဆာင္ခ်က္ေတြနဲ႔ ႐ုိက္ကူးႏုိင္ပါတယ္။ ပတ္၀န္းက်င္ အလင္းအားနည္းတဲ့ အေျခအေနမွာေတာင္ ေကာင္းေကာင္း႐ိုက္ကူးႏုိင္တာက အထင္ႀကီးစရာပါ။

ဘက္ထရီ

Apple ကိုယ္တုိင္က iPhone XR ရဲ႕ ဘက္ထရီသက္တမ္း ၾကာၾကာသုံးႏုိင္တဲ့ ဖုန္းတစ္လုံးလို႔ဆိုပါတယ္။ တစ္ေန႔တာလုံးအတြက္ အားထပ္သြင္းဖို႔ ပူစရာမလိုဘဲ လုံလုံေလာက္ေလာက္နဲ႔ အသုံးျပဳႏုိင္ပါတယ္။ တစ္ေန႔လုံး အင္တာနက္သုံးတာ၊ Twitter သုံးတာ၊ မက္ေဆ့ခ်္သုံးတာ မ်ဳိးစုံကို ေျခာက္နာရီ၀န္းက်င္ေလာက္ အသုံးျပဳတာေတာင္ ညပိုင္း ၁၁ နာရီေလာက္အထိ ဘက္ထရီ ၂၂ ရာခုိင္ႏႈန္းေလာက္ က်န္ေသးတာက အထင္ႀကီးစရာပါ။ ဘက္ထရီအတြက္ power saving စနစ္ေတြလည္း ေထာက္ပံ့ပါ၀င္သလို ႀကိဳးမဲ့အားသြင္းႏုိင္တဲ့ Qi Wireless Charging စနစ္နဲ႔ အားအျမန္သြင္းႏုိင္တဲ့ စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

၂ဝ၁၈ ခုႏွစ္မွာ မိတ္ဆက္ခဲ့တဲ့ ဖုန္းေမာ္ဒယ္သုံးမ်ဳိးထဲမွာ iPhone XR က စမတ္ဖုန္းအသုံးျပဳသူမ်ားစြာကို အထူးဆြဲေဆာင္ႏုိင္တဲ့ ဖုန္းတစ္လုံးျဖစ္ပါတယ္။ သူ႔ရဲ႕ စြမ္းေဆာင္ရည္ပိုင္း spec ေတြက iPhone XS ထက္ တခ်ဳိ႕ေနရာေတြမွာ ပိုအားသာသလို ေစ်းႏႈန္းအားျဖင့္လည္း သက္သာတာက မိမိအေနနဲ႔ ေနာက္ဆုံးေပၚေမာ္ဒယ္ဖုန္းကို ေစ်းအမ်ားႀကီး ေပးမကိုင္ခ်င္သူေတြ၊ မေတာ္တဆ ေပ်ာက္ဆုံးတာမ်ဳိး ဖုန္းတန္ဖိုး ေၾကာင့္ စိတ္မညစ္ခ်င္သူေတြအတြက္ အထူးအဆင္ေျပပါတယ္။ ေနာက္တစ္ခုက ကာလာအစုံ ေရြးခ်ယ္ႏုိင္တာကလည္း သုံးစြဲသူအတြက္ ေရြးခ်ယ္စရာေတြမ်ားတဲ့ အခ်က္တစ္ခုျဖစ္ပါတယ္။ မိမိ အေနနဲ႔ iPhone အသစ္တစ္လုံးကို အရင္က မသုံးဖူးေသးဘဲ ခုမွ စကိုင္မယ္ဆိုရင္ေတာ့ ေနာက္ဆုံးေပၚလုပ္ေဆာင္ေတြ အျပည့္ပါတဲ့ အျပင္ ေစ်းႏႈန္းသက္သာတဲ့ iPhone XR ေမာ္ဒယ္ကို အရင္ဆုံး ေရြးခ်ယ္ကိုင္ၾကည့္သင့္တယ္လို႔ဆို ခ်င္ပါတယ္။

GSM LTE
SIM SIM, Electronic SIM card (eSIM)
Display IPS LCD capacitive touchscreen, 6.1 inches (19.5:9 ratio)
OS iOS 12
CPU Hexa-core (2×2.5 GHz Vortex + 4×1.6 GHz Tempest)
GPU Apple GPU (4-core graphics
Camera 12 MP, f/1.8, OIS, PDAF, Quad-LED dual-tone flash, HDR (photo/panorama); Front 7 MP, f/2.2
Internal 256 GB; RAM 3 GB
Battery Non-removable Li-Ion 2942 mAh
Others Wi-Fi 802.11 a/b/g/n/ac, Bluetooth 5.0, Face ID, IP67 dust/water resistant, Scratch-resistant glass, Qi wireless charging, Fast battery charging
Display
Performance
Camera
Battery
Hand on
Over all

-ရဲထြဋ္ဝင္း

[ Unicode ]

Price : 1,550,000 [Dual SIM/ 256GB]

အားသာချက်

ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်သလို iPhone တစ်လုံးအနေနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကာလာလေးတွေနဲ့ ရွေးချယ်အသုံးပြုနိုင်တာတွေက သဘောကျစရာပါ။ နောက်ထပ် ကြိုက်တဲ့အချက်ကတော့ သူ့မှာပါ၀င်တဲ့ လုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ စျေးသက်သာတဲ့အတွက် သုံးပျော်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အားနည်းချက်

ဒီဖုန်းရဲ့ Portrait ကင်မရာစနစ်ကတော့ သာမန်လောက်ပဲရှိတယ် လို့ခံစားရပါတယ်။ ဖုန်း Screen ရဲ့ အရည်အသွေးက Low-res screen အမျိုးအစားဖြစ်ပါတယ်။ စျေးသက်သာတယ် ဆိုပေမယ့် Android OS စနစ်သုံး Hight-end ဖုန်းတွေနဲ့ယှဉ်မယ်ဆိုရင်တော့ စျေးကြီးနေသေးတယ်လို့ ဆိုရမှာပါ။

ဒီဇိုင်းနဲ့ မျက်နှာပြင်

iPhone XR က သူ့အရင် home ခလုတ်ပါတဲ့ iPhone အသုံးပြုတဲ့ သူတွေကော iPhone ကို စပြီးသုံးမယ့်သူ နှစ်မျိုးစလုံးအတွက် အလွယ်တကူ အသုံးပြုနိုင်မယ့် အရွယ်အစားဒီဇိုင်းနဲ့ ထုတ်လုပ်ထားသလို မြင်ကွင်းထိပ်ဘက်နားမှာ notch ပါတဲ့ Display က ဖုန်းကို မျက်နှာပြင်အပြည့် ဒီဇိုင်းနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဘောင်နဲ့ ထောင့်ကွေးတွေက လုံးဝန်းတဲ့ပုံစံရှိပြီး ကိုယ်ထည်ဖွဲ့စည်းမှုက အလူမီနီယံနဲ့ ဖန်အရောအနေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ပတ်လည်ဘောင်ကိုတော့ မာကျောမှုရှိအောင် တည်ဆောက်ထားတာဖြစ်ပြီး iPhone X ရဲ့ ခလုတ် ပါ၀င်မှုပုံစံအတိုင်း ပြုလုပ်ပေးထားပါတယ်။ စပီကာတွေကိုတော့ အပေါ်ဘက်နဲ့ ဖုန်းရဲ့အောက်ဘက် ဘောင်ထဲမှာ ထည့်သွင်းထားပြီး စတူဒီယိုအသံထွက်ကို ခံစားနိုင်မှာ ဖြစ်ကာ ကိုယ်ထည်က IP67 အဆင့် ရေစိုခံနိုင်မှုရှိပါတယ်။

Display ကတော့ Liquid Retina LCD နည်းပညာအသုံးပြုထားတဲ့ Display ဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 828×1792 pixels အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ မျက်နှာပြင်အကျယ် ၆.၁ လက်မရှိတဲ့ 19.5:9 ရှိတဲ့ မြင်ကွင်းအမျိုးအစား ဖြစ်ပြီး ဖုန်းကိုယ်ထည်မှာ Screen ပါ၀င်မှုနှုန်း ရ၉ ရာခိုင်နှုန်းရှိပါတယ်။

စွမ်းဆောင်ရည်

Hexa-core 2.5 GHz Vortex နှစ်လုံးနဲ့ 1.6GHz Tempest လေးလုံး စုစုပေါင်း Core (၆) လုံးကို အသုံးပြုထားပြီး Chipset ကတော့ Apple A12 Bionic (7 nm) ကိုသုံးထားတာပါ။ GPU အနေနဲ့ Apple ရဲ့ 4-core graphic ကို အသုံးပြုထားပါတယ်။ iOS 12 ထည့်သွင်းထားပြီး iOS 12.1 ကို upgrade ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ကင်မရာ

iPhone ထွက်သမျှကိုပဲ ကိုင်တဲ့သူတွေအတွက်ကတော့ iPhone XR ရဲ့ ကင်မရာပိုင်းက သိပ်ပြီး အထင်ကြီးစရာ မကောင်းဘူးလို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ ဒီလိုအထင်ကြီးစရာမဖြစ်တာက မကောင်းဘူးလို့ဆိုလိုတာ မဟုတ်ပါဘူး။ ပုံထွက်ကောင်းကောင်းတွေကို ရိုက်ကူးနိုင်သလို snap တွေကိုလည်း သွားရင်းလာရင်း ပုံထွက်ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်အောင်နဲ့ နဂိုထွက်ခဲ့တဲ့ ကင်မရာတစ်လုံးထဲပါတဲ့ မော်ဒယ်တွေထက် ကင်မရာပိုင်း ပိုမိုအဆင့်မြင့်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

ရှေ့ကင်မရာကလည်း Selfie ဓာတ်ပုံရိုက်ကူးမှုအတွက် အထင်ကြီးစရာကောင်းလောက်အောင် blur လုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးနိုင်ပါတယ်။ ပတ်ဝန်းကျင် အလင်းအားနည်းတဲ့ အခြေအနေမှာတောင် ကောင်းကောင်းရိုက်ကူးနိုင်တာက အထင်ကြီးစရာပါ။

ဘက်ထရီ

Apple ကိုယ်တိုင်က iPhone XR ရဲ့ ဘက်ထရီသက်တမ်း ကြာကြာသုံးနိုင်တဲ့ ဖုန်းတစ်လုံးလို့ဆိုပါတယ်။ တစ်နေ့တာလုံးအတွက် အားထပ်သွင်းဖို့ ပူစရာမလိုဘဲ လုံလုံလောက်လောက်နဲ့ အသုံးပြုနိုင်ပါတယ်။ တစ်နေ့လုံး အင်တာနက်သုံးတာ၊ Twitter သုံးတာ၊ မက်ဆေ့ချ်သုံးတာ မျိုးစုံကို ခြောက်နာရီဝန်းကျင်လောက် အသုံးပြုတာတောင် ညပိုင်း ၁၁ နာရီလောက်အထိ ဘက်ထရီ ၂၂ ရာခိုင်နှုန်းလောက် ကျန်သေးတာက အထင်ကြီးစရာပါ။ ဘက်ထရီအတွက် power saving စနစ်တွေလည်း ထောက်ပံ့ပါ၀င်သလို ကြိုးမဲ့အားသွင်းနိုင်တဲ့ Qi Wireless Charging စနစ်နဲ့ အားအမြန်သွင်းနိုင်တဲ့ စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

၂ဝ၁၈ ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ ဖုန်းမော်ဒယ်သုံးမျိုးထဲမှာ iPhone XR က စမတ်ဖုန်းအသုံးပြုသူများစွာကို အထူးဆွဲဆောင်နိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်း spec တွေက iPhone XS ထက် တချို့နေရာတွေမှာ ပိုအားသာသလို စျေးနှုန်းအားဖြင့်လည်း သက်သာတာက မိမိအနေနဲ့ နောက်ဆုံးပေါ်မော်ဒယ်ဖုန်းကို စျေးအများကြီး ပေးမကိုင်ချင်သူတွေ၊ မတော်တဆ ပျောက်ဆုံးတာမျိုး ဖုန်းတန်ဖိုး ကြောင့် စိတ်မညစ်ချင်သူတွေအတွက် အထူးအဆင်ပြေပါတယ်။ နောက်တစ်ခုက ကာလာအစုံ ရွေးချယ်နိုင်တာကလည်း သုံးစွဲသူအတွက် ရွေးချယ်စရာတွေများတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ မိမိ အနေနဲ့ iPhone အသစ်တစ်လုံးကို အရင်က မသုံးဖူးသေးဘဲ ခုမှ စကိုင်မယ်ဆိုရင်တော့ နောက်ဆုံးပေါ်လုပ်ဆောင်တွေ အပြည့်ပါတဲ့ အပြင် စျေးနှုန်းသက်သာတဲ့ iPhone XR မော်ဒယ်ကို အရင်ဆုံး ရွေးချယ်ကိုင်ကြည့်သင့်တယ်လို့ဆို ချင်ပါတယ်။