iPhone X ထက္ ေစ်းပိုႀကီးတဲ့ LG စမတ္ဖုန္းသစ္

[ Zawgyi ]

ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီး LG ဟာ ကုမၸဏီရဲ႕ LG Signature စီးရီးထဲက ေနာက္ဆံုးေပၚ ပရီမီယံစမတ္ဖုန္းကို ပြဲထုတ္မိတ္ဆက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က မိတ္ဆက္ခဲ့တဲ့ LG Signature Edition ေနရာဆက္ခံမယ့္ LG Signature Edition (2018) ကို အျဖဴေရာင္နဲ႔ အနက္ေရာင္ဆိုၿပီး ရရိွႏိုင္ပါတယ္။ ဒီစမတ္ဖုန္းကို ဒီကေန႔ (ဇူလိုင္ ၃၀) ကစၿပီး ႀကိဳတင္မွာယူႏိုင္ပါတယ္။ တန္ဖိုးက ေဒၚလာ ၁,၈၃၀ ျဖစ္ပါတယ္။ ဒါဟာ iPhone X ထက္ ျမင့္မားတဲ့ ေစ်းျဖစ္ပါတယ္။ ဒါ့အျပင္ Bang & Olufsen (B & O) Beoplay H9i headphones တစ္ခုကိုလည္း အခမဲ့ ေထာက္ပံ့ေပးထားပါတယ္။

LG Signature Edition 2018 ကို စင္းရာျခစ္ရာဒဏ္ခံႏိုင္တဲ့ zirconium ceramic လို ပရီီမီယံ material နဲ႔ ဖန္တီးထားပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕ ေက်ာဘက္ panel မွာ သံုးစြဲသူေတြရဲ႕နာမည္ေတြကို ထြင္းထားႏိုင္ပါတယ္။ ဒီစမတ္ဖုန္းမွာ ၆ လက္မ QHD+ OLED display ပါဝင္ၿပီး 1440×2880 pixel resolution, 18:9 aspect ratio နဲ႔ အသံုးျပဳႏုိင္ပါတယ္။ Display ကို Corning Gorilla Glass 5 နဲ႔ ကာကြယ္ထားပါတယ္။

LG Signature Edition 2018 မွာ Qualcomm Snapdragon 845 processor နဲ႔ Adreno 630 GPU ကို အသံုးျပဳထားပါတယ္။ Android 8.0 Oreo နဲ႔အသံုးျပဳႏိုင္ၿပီး 6GB RAM ေထာက္ပံ့ေပးထားပါတယ္။ သိုေလွာင္မႈပမာဏက 256GB ျဖစ္ၿပီး microSD card ကေန 2TB အထိ တိုးျမွင့္အသံုးျပဳႏိုင္ပါတယ္။ ဟန္းဆက္ရဲ႕ေက်ာဘက္မွာေတာ့ ကင္မရာႏွစ္ခုပါဝင္ပါတယ္။

ေက်ာဘက္ကင္မရာက 16MP module ႏွစ္ခု ျဖစ္ပါတယ္။ ပင္မ sensor က f/1.6 aperture နဲ႔ 71-degree wide-angle lens ကို ေထာက္ပံ့ေပးႏိုင္ၿပီး secondary sensor ကေတာ့ f/1.9 aperture, LED flash နဲ႔ 70-degree super-side-angle lens ျဖစ္ပါတယ္။ အေရွ႕ဘက္မွာ 8MP selfie ကင္မရာနဲ႔ f/1.9 aperture ပါဝင္ပါတယ္။

ဒီစမတ္ဖုန္းမွာ DTS: X 3D Surround Sound နဲ႔ 32-bit Advanced Hi-Fi Quad DAC ပါဝင္ပါတယ္။ လက္ေဗြဖတ္စနစ္ကို ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။ ဘထရီက 3,300mAh ျဖစ္ၿပီး Qualcomm Quick Charge 3.0 နဲ႔ Wireless charging အေထာက္အပံ့တို႔ ပါဝင္ပါတယ္။

အျခားခ်ိတ္ဆက္မႈေတြအေနနဲ႔ 4G, VoLTE, 3G, Wi-Fi, Bluetooth, GPS, NFC နဲ႔ USB Type C တို႔ပါဝင္တယ္လို႔ သိရပါတယ္။

Ref: GadgetsNow

[ Unicode ]

တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး LG ဟာ ကုမ္ပဏီရဲ့ LG Signature စီးရီးထဲက နောက်ဆုံးပေါ် ပရီမီယံစမတ်ဖုန်းကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ LG Signature Edition နေရာဆက်ခံမယ့် LG Signature Edition (2018) ကို အဖြူရောင်နဲ့ အနက်ရောင်ဆိုပြီး ရရှိနိုင်ပါတယ်။ ဒီစမတ်ဖုန်းကို ဒီကနေ့ (ဇူလိုင် ၃၀) ကစပြီး ကြိုတင်မှာယူနိုင်ပါတယ်။ တန်ဖိုးက ဒေါ်လာ ၁,၈၃၀ ဖြစ်ပါတယ်။ ဒါဟာ iPhone X ထက် မြင့်မားတဲ့ စျေးဖြစ်ပါတယ်။ ဒါ့အပြင် Bang & Olufsen (B & O) Beoplay H9i headphones တစ်ခုကိုလည်း အခမဲ့ ထောက်ပံ့ပေးထားပါတယ်။

LG Signature Edition 2018 ကို စင်းရာခြစ်ရာဒဏ်ခံနိုင်တဲ့ zirconium ceramic လို ပရီီမီယံ material နဲ့ ဖန်တီးထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ကျောဘက် panel မှာ သုံးစွဲသူတွေရဲ့နာမည်တွေကို ထွင်းထားနိုင်ပါတယ်။ ဒီစမတ်ဖုန်းမှာ ၆ လက်မ QHD+ OLED display ပါဝင်ပြီး 1440×2880 pixel resolution, 18:9 aspect ratio နဲ့ အသုံးပြုနိုင်ပါတယ်။ Display ကို Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

LG Signature Edition 2018 မှာ Qualcomm Snapdragon 845 processor နဲ့ Adreno 630 GPU ကို အသုံးပြုထားပါတယ်။ Android 8.0 Oreo နဲ့အသုံးပြုနိုင်ပြီး 6GB RAM ထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှုပမာဏက 256GB ဖြစ်ပြီး microSD card ကနေ 2TB အထိ တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ ဟန်းဆက်ရဲ့ကျောဘက်မှာတော့ ကင်မရာနှစ်ခုပါဝင်ပါတယ်။

ကျောဘက်ကင်မရာက 16MP module နှစ်ခု ဖြစ်ပါတယ်။ ပင်မ sensor က f/1.6 aperture နဲ့ 71-degree wide-angle lens ကို ထောက်ပံ့ပေးနိုင်ပြီး secondary sensor ကတော့ f/1.9 aperture, LED flash နဲ့ 70-degree super-side-angle lens ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 8MP selfie ကင်မရာနဲ့ f/1.9 aperture ပါဝင်ပါတယ်။

ဒီစမတ်ဖုန်းမှာ DTS: X 3D Surround Sound နဲ့ 32-bit Advanced Hi-Fi Quad DAC ပါဝင်ပါတယ်။ လက်ဗွေဖတ်စနစ်ကို ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ ဘထရီက 3,300mAh ဖြစ်ပြီး Qualcomm Quick Charge 3.0 နဲ့ Wireless charging အထောက်အပံ့တို့ ပါဝင်ပါတယ်။

အခြားချိတ်ဆက်မှုတွေအနေနဲ့ 4G, VoLTE, 3G, Wi-Fi, Bluetooth, GPS, NFC နဲ့ USB Type C တို့ပါဝင်တယ်လို့ သိရပါတယ်။

Ref: GadgetsNow