iPhone X ကို Apple ရဲ့ မြန်မာပြည်တရားဝင် အရောင်းကိုယ်စားလှယ် (Authorised Reseller) ဆိုင်ကြီးများတွင် မကြာခင်ဝယ်ယူနိုင်မည်

တရားဝင်အရောင်းကိုယ်စားလှယ် (Authorised Reseller) ဆိုင်ကြီးတွေမှာ မကြာခင် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

iPhone X ကို နိုဝင်ဘာ ၂၄ ရက်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ နီးစပ်ရာ Wai Yan Electronics ဆိုင်ခွဲများမှာ PreOrder တင်နိုင်တော့မှာဖြစ်သလို ဒီဇင်ဘာ ၁ ရက်မှာစတင်ပြီး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Aeon , MRH များနှင့် ၆ လမှစတင်ပြီး ၁၈ လအထိ လစဉ် အရစ်ကျ ဝယ်ယူလို့ရနိုင်မယ့်အပြင် AYA Credit Card(Simple Pay) နှင့်လည်း ၆ လ ၊ ၇ လဆိုပြီး အရစ်ကျဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် KBZ, AYA, CB အစရှိတဲ့ ဘဏ်တွေရဲ့ Master, Visa, JCB, MPU အစရှိတဲ့ကတ်တွေနဲ့လည်း ဝယ်ယူလို့ရမှာဖြစ်ပါတယ်လို့ Wai Yan Electronics ကနေသိရပါတယ်။

“ကျွန်တော့်တို့ဆိုင်မှာတော့ iPhone X ကို ဒီဇင်ဘာလဆန်းမှ ဝယ်ယူနိုင်မှာပါ။ ဒီကြားထဲမှာတော့ သွင်းရောင်းတာတွေတော့ ရှိလိမ့်မယ်။ တရားဝင်အနေနဲ့ကတော့ ဒီဇင်ဘာလဆန်းလောက်မှ Apple Authorised Reseller ဆိုင်တွေမှာတရားဝင်အာမခံနဲ့ ၀ယ်ယူနိုင်မှာပါ။ ဈေးကတော့ ဘယ်လောက်ဖြစ်မယ်ဆို တာ မပြောနိုင်သေးဘူး” ဟု NAKZ Group Co., Ltd. မှ ဒါရိုက်တာ ကိုအောင်မျိုးသက်က Apple Authorised Reseller ဆိုင်ဖြစ်တဲ့ innoflow ဆိုင်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

Apple ရဲ့ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ iPhone X ရဲ့ Display အနေနဲ့ကတော့ 5.8 inch Super Retina HD Display ဖြစ်ပြီး OLED Panel အသုံးပြုထားတဲ့ ပထမဆုံး iOS ဖုန်းလဲဖြစ်ပါတယ်။ Finger Print အစား Face ID နင့် ဖွင့်လို့ရအောင် အဆင့်မြှင့်ထားပါတယ်။ iPhone X ရဲ့ အနောက် camera 12MP နှင့် အရှေ့camera 7MP ပါရှိပြီး Portrait Lighting beta version ပါဝင်ပါတယ်။ iMessage မှာ ကိုယ်ပိုင် Animation Emoji လေးတွေ ပြုလုပ်လို့ရမယ့် Animoji ကို Feature အသစ်အနေနဲ့ ထည့်သွင်းထားပါတယ် ။ iPhone X ကို ငွေ၊ မီးခိုအရောင်များမှ မိမိကြိုက်နှစ်သက်ရာ အရောင်ကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး အရောင်အလိုက် ဈေးနှုန်းကွာခြားမှု မရှိအောင်လည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ Memory အနေနဲ့ 64GB နဲ့ 256GB တို့ကို ထုတ်လုပ်ထားပြီး မိမိစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း