iPhone Shortcuts app အကောင်းဆုံး လှည့်ကွက်များ

iPhone မှာပါဝင်တဲ့ Shortcuts app ကိုတော့ သုံးစွဲသူတွေ အလွယ်တကူ ကျော်သွားနိုင်ပါတယ်။ Shortcuts app ဟာ အလွန် အသုံးဝင်ပါတယ်။ iOS 14 နဲ့အတူ ပါဝင်လာတဲ့ Shortcuts app ဟာ စိတ်ကြိုက် app icon တွေ ဖန်တီးနိုင်ပါတယ်။

ဒါ့အပြင် home screen မှာ widget ထည့်သွင်းနိုင်မယ့် ပြင်ဆင်မှုတွေလည်း ပါဝင်လာပါတယ်။ iPhone မှာ Shortcuts app အတွက် အသုံးဝင်မယ့် လှည့်ကွက်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Shortcuts ကို install လုပ်ပါ

App Store ကနေ Shortcuts ကို install လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ iPhone ရဲ့ home screen ညာဘက်ကို swipe လုပ်ပြီး အောက်ခြေက Add Widget ကို tap လုပ်ပြီး Today View Widget ထဲထည့်ရပါမယ်။ နောက်ဆုံးမှာ Shortcuts ဘေးက plus ခလုတ်ကို နှိပ်လိုက်ပါ။

စိတ်ကြိုက် app icon

iOS 14 ရဲ့ရေပန်းအစားဆုံး လုပ်ဆောင်ချက် ဖြစ်ပြီး Shortcuts app ကတော့ စိတ်ကြိုက် app icon တွေ ဖန်တီးနိုင်ပါတယ်။ စိတ်ကြိုက် app icon တွေနဲ့ widget ကိုပေါင်းစပ်ပြီး ထူးခြားတဲ့ home screen တစ်ခု ဖန်တီးလို့ရပါပြီ။

စာလုံးသတ်ပုံ စစ်နိုင်

Check Spelling Shortcut ထဲမှာ အခြား app က စာသားတွေ ကူးယူပြီး စာလုံးပေါင်းတွေ စစ်နိုင်ပါတယ်။ အဲဒီ Shortcut က အမှားတွေကိုလည်း ပြင်ပေးမှာပါ။

Do Not Disturb ပြုလုပ်ခြင်း

Shortcuts နဲ့လည်း DND ပြုလုပ်လို့ ရပါတယ်။ DND ပြုလုပ်မယ့် အချိန်ကာလကို ရိုက်ထည့်လိုက်ရုံပါပဲ။

ကင်မရာနဲ့ GIF ဖန်တီးခြင်း

Shoot a GIF shortcut ကတော့ Camera app ဖွင့်ပြီး ဓာတ်ပုံတွေ ရိုက်ကူးဖို့ အသင့်ပြင်ပေးပါတယ်။ နောက်ဆုံးဓာတ်ပုံ ရိုက်ပြီးတာနဲ့ လှုပ်ရှားနေတဲ့ ဓာတ်ပုံတွေကို ပေါင်းစပ်ပေးပြီး save ဒါမှမဟုတ် share လုပ်နိုင်ပါတယ်။

PDF ဖန်တီးခြင်း

Make PDF shortcut ကတော့ သုံးစွဲသူက စာရွက်စာတမ်း ဒါမှမဟုတ် ဝက်ဘ်စာမျက်နှာကို PDF ပြောင်းပေးပြီး save ဒါမှမဟုတ် share လုပ်နိုင်ပါတယ်။

Unzip and Save

Apple ရဲ့ Files app ကိုအသုံးပြုပြီး ZIP ဖိုင်ဖြည်ဖို့ ဖိုင်ဖွင့်ကြည့်ဖို့က အချိန်တိုင်း အဆင်မပြေပါဘူး။ ဒါကြောင့် Unzip and Save Shortcut ကိုအသုံးပြုပြီး ZIP ဖိုင်အတွင်းထဲက ဖိုင်တွေကို ကြည့်ပြီး တည်းဖြတ်နိုင်ပါတယ်။

Expand URL

ဝက်ဘ်ဆိုက်လိပ်စာ URL တွေကို ချုံ့ထားတာက အန္တရာယ်များတဲ့ ဖြစ်ရပ်တွေဆီ ဦးတည်တတ်ပါတယ်။ တကယ်လို့ bit.ly လိုမျိုး သံသယရှိ URL အသေးတွေကို တွေ့လာရင်တော့ Expand URL ဆိုတဲ့ shortcut ကို အသုံးပြုပြီး ဦးတည်ရာဝက်ဘ်ဆိုက်ကို ကြည့်လို့ရပါတယ်။

Automation ကိုအသုံးပြုခြင်း

Shortcuts app ထဲမှာ tab ၃ ခု ပါဝင်လာပါတယ်။ အဲဒါတွေကတော့ My Shorcuts, Automation နဲ့ Gallery ပဲဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေကတော့ Gallery ထဲက ဖြစ်ပါတယ်။ Automation ကတော့ Shortcuts ကို အပြည့်အဝ အသုံးချနိုင်အောင် လုပ်ဆောင်လို့ရပါတယ်။

ဥပမာအနေနဲ့ ကိုယ်ပိုင် NFC tag တစ်ခုကို scan လုပ်လိုက်ရင် စိတ်ကြိုက် playlist ထဲက သီချင်းတွေ ဖွင့်တာမျိုးအထိ လုပ်ဆောင်လို့ရပါတယ်။

-စိုးထက်
Ref: CNET

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««