iPhone SE ၂၀၂၀ မော်ဒယ်ကို Apple မိတ်ဆက်

Apple ဟာ ဈေးနှုန်းသက်သာတဲ့ iPhone SE မော်ဒယ်သစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။၂၀၂၀ ထုတ် iPhone SE ကို ၃၉၉ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး storage 64GB ပါဝင်လာပါမယ်။ iPhone SE ဒီဇိုင်းက iPhone 8 နဲ့ဆင်ပြီး မျက်နှာပြင် ၄.၇လက်မပဲရှိပြီး အပေါ်နဲ့ အောက်ဘက်ဘေးဘောင်တွေက ကြီးမားသလို Touch ID နဲ့ home ခလုတ်ပါဝင်လာပါတယ်။ iPhone 6 ကတည်းက သုံးလာတဲ့ ဒီဇိုင်းကို ဆက်လက်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

iPhone SE ကိုဧပြီ ၁၇ ရက်မှာ ကြိုတင်မှာယူနိုင်ကာ ၂၄ရက်မှာ တင်ပို့ပါမယ်။ iPhone SE ၂၀၂၀ အတွက် storage 128GB မော်ဒယ်ကတော့ ၄၄၉ဒေါ်လာကျသင့်ပြီး 256GB ကတော့ ၅၄၉ဒေါ်လာကျသင့်ပါမယ်။ အခြား iPhone တွေလိုပဲ Apple TV Plus တစ်နှစ်အခမဲ့ အသုံးပြုခွင့်ပါဝင်လာပါမယ်။ iPhone SE ကိုအနက်၊ အဖြူနဲ့ Product Red ဆိုပြီး ၃မျိုးထုတ်လုပ်သွားပါမယ်။

iPhone SE မှာ iPhone 11 နဲ့ 11 Pro မော်ဒယ်အတွင်း အသုံးပြုထာတဲ့ A13 Bionic chip ကိုအသုံးပြုထားပါတယ်။

iPhone SE အသစ်မှာတော့ ကင်မရာ feature အသစ်တွေပါဝင်လာပါတယ်။ ကျောဘက်မှာ 12-megapixel ကင်မရာတစ်ခုနဲ့ flash တစ်ခုတို့ ပါဝင်လာပါတယ်။ Apple အနေနဲ့ Smart HDR ဓာတ်ပုံပိုင်းကို မြှင့်တင်ဖို့ A13 Bionic chip ကိုအသုံးပြုထားပါတယ်။ Smart HDR ဓာတ်ပုံနည်းပညာက ဓာတ်ပုံထဲက အလင်းနဲ့ အသေးစိတ်ကို တိုးတက်လာဖို့ ဓာတ်ပုံတွေကို ပေါင်းစပ်ပေးပါတယ်။

ဒါ့အပြင် Apple က monocular depth sensing ခေါ်တဲ့ portrait mode လည်းပါဝင်လာပါတယ်။ အဲဒီ mode က machine learning ကိုအသုံးပြုထားပြီး depth နဲ့ မျက်နှာတွေကို ခြေရာခံပေးပါတယ်။ ကင်မရာအတွက် optical image stabilization ထောက်ပံ့ထားပြီး ဗီဒီယိုရိုက်ကူးရင် “cinematic” stabilization ပုံစံနဲ့ရိုက်ကူးနိုင်ကာ 60fps နဲ့ 4K ဗီဒီယိုထောက်ပံ့မှုပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 7 megapixels ဖြစ်ပြီး portrait mode effect တွေနဲ့ရိုက်ကူးနိုင်ပါတယ်။

ဒုတိယမျိုးဆက် iPhone SE ဟာ iPhone 8 နဲ့အလွန်တူညီပါတယ်။ ဘက်ထရီကလည်း ဆင်တူပါတယ်။ iPhone 8 case တွေကို iPhone SE ၂၀၂၀ မှာအသုံးပြုနို်ငပါတယ်။ မျက်နှာပြင် ၄.၇လက်မ IPS LCD Retina display နဲ့အတူ True Tone color ထောက်ပံထားပါတယ်။

-စိုးထက်
Ref: TheVerge