iPhone, iPad နဲ့ Apple TV တွေအတွက် HBO Max ဖြန့်ချိ

Apple ထုတ်ကုန်သုံးစွဲသူတွေက HBO Max application ကို iPhone, iPad နဲ့ Apple TV မှာရရှိနိုင်ပါတယ်။ ဒီနေရာမှာ ဒေါင်းနိုင်ပါတယ်။

HBO Max က HBO Now ကို အစားထိုးမှာ ဖြစ်ပါတယ်။ HBO Now ကို install လုပ်ထားသူတွေက App Store မှာ update လုပ်လိုက်ရင် Max အဖြစ်အသွင်ပြောင်းသွားမှာပါ။ HBO Max ဟာအမေရိကန်မှာပဲ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။HBO Max က content တွေကို Now အတိုင်းပဲ ဝန်ဆောင်မှုပေးကာ တစ်လ ၁၄.၉၉ ဒေါ်လာ ကျသင့်ပါမယ်။ HBO Max မှာ မူလ content တွေအပြင် Friends, Looney Tunes, Studio Ghibi, Adult Swim အစီအစဉ်တွေနဲ့ ရပ်ဆဲဆင်မွန်အပေါ် လိင်ပိုင်းဆိုင်ရာ စွပ်စွဲမှုတွေအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းကားလည်း ပါဝင်ပါမယ်။

HBO Max ကို မေ ၂၇ ရက်က စတင်ထုတ်လွှင့်ခဲ့ပါတယ်။ HBO က Amazon နဲ့ Roku တို့နဲ့ သဘောတူညီချက် မရသေးတဲ့အတွက် Amazon Fire Stick ဒါမှမဟုတ် Roku box တွေအတွက် app မဖြန့်သေးပါဘူး။ HBO Max ကို Xbox One နဲ့ PlayStation 4 လိုမျိုး ဂိမ်းစက်တွေမှာ သုံးနိုင်ပါတယ်။

စိုးထက်
Ref: 9to5Mac