
iOS နဲ့ Android အကြားက အကြီးမားဆုံးကွာဟမှုက စိတ်ကြိုက် ပြင်ဆင်နိုင်တာဖြစ်ပါတယ်။ Google ရဲ့ OS က software ပုံရိပ်နဲ့ အာရုံခံစားမှုကို ပိုမို ထိန်းချုပ်နိုင်ပါတယ်။ Apple ကတော့ အပြောင်းအလဲတွေကို ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က ထွက်ရှိခဲ့တဲ့ iOS 14 မှာတော့ iPhone နဲ့ iPad သုံးစွဲသူက ထုတ်ကုန်ပုံရိပ်နဲ့ အာရုံခံစားမှု အပြောင်းအလဲလုပ်နိုင်တဲ့ feature ကိုတွေ့လာပါတယ်။
Twitterပေါ်မှာ #ios14 ဒါမှမဟုတ် #ios14homescreen လို့ရှာလိုက်ရင် iPhone ပေါ်မှာ app icon, wallpaper နဲ့ widget တွေကို ပေါင်းစပ်ပြီး စာမျက်နှာဖွဲ့စည်းမှု အမျိုးမျိုးကို တွေ့ရပါမယ်။ TikTok နဲ့ YouTube ပေါ်မှာလည်း စိတ်ကြိုက်ဖန်တီးထားတဲ့ screen နဲ့ စာမျက်နှာဖွဲ့စည်းမှုတွေကို ပြသထားပါတယ်။
လူများစွာက iOS ထုတ်ကုန်တွေမှာ ပေါ့ပ်ယဉ်ကျေးမှုက Animal Crossing, Steven Universe, Harry Potter, Minecraft နဲ့ BTS ပုံစံ homescreen တွေကို ဖန်တီးထားကြပါတယ်။
Feature အသစ်
iOS 14 မှာ home screen ထဲမှာ widget တွေထည့်သွင်းနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ widget တွေက home screen ကနေ အလွယ်တကူ လျင်မြန်စွာ အသုံးပြုနိုင်တဲ့ လုပ်ဆေင်ချက်ဖြစ်ပြီး reminder နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ရာသီဥတုနဲ့ ပြက္ခဒိန်ပေါ်က ချိန်းဆိုမှုတွေကို ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေကို ပြသပေးဖို့ frame တွေထဲထည်း ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက မှန်ကန်တဲ့ app ကိုသုံးပြီး widget ပုံစံတွေကိုလည်း ပြောင်းလဲနိုင်ပါတယ်။
Home screen ကို ဘယ်လို စိတ်ကြိုက်ပြင်ဆင်မလဲ
ကိုယ်ပိုင် home screen ကိုပြုလုပ်ရတာ လွယ်ပေမယ့် အချိန်ကုန်မြန်ပါတယ်။ အဓိကကတော့ စိတ်ကြိုက်ဖန်တီးထားတဲ့ wallpaper နဲ့ icon pack တစ်ခုလိုပါတယ်။ တချို့ဒီဇိုင်နာတွေက download လုပ်နိုင်တဲ့ package တွေကို ဝေမျှထားတာကြောင့် အလွယ်တကူ ရယူနိုင်ပါတယ်။
in loves with this #ios14homescreen ♡︎⚡️ pic.twitter.com/fmKTdVXUc2
— 🦋🎸 (@90editss) September 20, 2020
Home screen အတွက် သီးသန့် widget တွေကို ထည့်သွင်းဖို့ Widgetsmith ကို download လုပ်ဖို့လိုပါတယ်။ သုံးစွဲသူက app ကို download လုပ်ပြီးတာနဲ့ widget အရွယ်အစားကို ဖန်တီးနိုင်ပါတယ်။ နောက်ပြီး clock နဲ့ calendar လိုမျိုး iOS widget တွေကို fonte ၊ အရောင်အမျိုးမျိုးနဲ့ စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ သုံးစွဲသူက Homescreen ကို ဖိနှိပ်ပြီး ဘယ်ဘက်ထိပ်က + သင်္ကေတကိုနှိပ်ပြီး Widgetsmith နဲ့ဖန်တီးထားတဲ့ widge ကိုထည့်သွင်းနိုင်ပါတယ်။
စိတ်ကြိုက် app icon တွေကို ဖန်တီးဖို့ ဆိုရင်တော့ Shortcuts app ကို download လုပ်ထားဖို့ လိုပါတယ်။ ပြီးရင်တော့ app အသစ်ဖန်တီးဖို့ ညာဘက်က + သင်္ကေတကိုနှိပ်ပါ။ ပြီးတော့ go > Add Action > Scripting > Open App > Choose နဲ့ ပြင်လိုတဲ့ app ကိုရွေးချယ်ပါ။ ပြီးရင်တော့ ညာဘက်ထိပ်က Next ကိုနှိပ်ပြီး အမည်ပေးကာ Done လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««