
Apple ရဲ့ ဈေးနှုန်းသက်သာတဲ့ ၄.၇ လက်မ iPhone 9 တွေနဲ့ပတ်သက်ပြီး ကောလာဟထွက်ပေါ်နေတာ အချိန်ကြာမြင့်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတာကြောင့် iPhone 9 ထွက်ရှိဖို့ မသေချာပါဘူး။ ဒါပေမဲ့ အခုဆိုရင် Best Buy မှာ iPhone ၄.၇ လက်မ ၂၀၂၀ အတွက် case တွေရောက်ရှိနေတယ်လို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။
9to5Mac နဲ့ MacRumors ဝက်ဘ်ဆိုက်တွေရဲ့ ဖော်ပြချက်အရ iPhone 9 case တွေကို Urban Armor Gear ကထုတ်လုပ်ပြီး ဧပြီ ၅ ရက်မှ ရောင်းချမှာ ဖြစ်ပါတယ်။
iPhone 9 update 👀
Per an internal meeting yesterday, Apple is now preparing for an April release.
Tentative dates:
– Announcement on April 15
– Shipments on April 22Keep in mind: we’re in the middle of a pandemic, and things could change.
Fingers crossed 🤞 pic.twitter.com/egz8UWXd9F
— Jon Prosser (@jon_prosser) March 31, 2020
မျက်နှာပြင်အရွယ် ၄.၇ လက်မရှိတဲ့ iPhone ကို iPhone 9 ဒါမှမဟုတ် iPhone SE 2 လို့ခေါ်ဆိုဖွယ်ရှိပါတယ်။ မူလ iPhone SE လိုပဲ ဈေးနှုန်းသက်သာဖွယ်ရှိပါတယ်။ iPhone 8 နဲ့ဒီဇိုင်းပိုင်း ဆင်တူပေမယ့် အတွင်းပိုင်း အဆင့်မြှင့်တင်ထားဖွယ်ရှိပါတယ်။
ဒါ့အပြင် Page Tech က Jon Prosser ဆိုသူ Apple ဟာ iPhone 9 ကို ဧပြီလမှာ ဖြန့်ချိဖို့စီစဉ်နေကာ ဧပြီ ၁၅ ရက်မှာ မိတ်ဆက်ပြီး ၂၂ ရက်မှာ တင်ပို့ရောင်းချမယ်လို့ Twitter မှာရေးသားခဲ့ပါတယ်။
စိုးထက်
Ref: CNET