iPhone 8, 8 Plus နဲ့ X တို့ကို ကြိုတင်မှာယူစနစ်ဖြင့် စတင်ဝယ်ယူနိုင်

Apple အသည်းစွဲ iPhone ချစ်သူများအနေနဲ့ Apple ကနေ အသစ်မိတ်ဆက်လိုက်သွားတဲ့ iPhone 8, 8 Plus, X တို့ထဲမှ မိမိနှစ်သက်ရာ မော်ဒယ်ကို ကြိုတင်မှာယူစနစ် (Pre-order) ဖြင့် စတင်မှာယူနိုင်ပြီ ဖြစ်ကြောင်းသိရပါတယ်။

“ဈေးနူန်းကတော့ ပစ္စည်းရောက်တဲ့အချိန် ဈေးကွက်ပေါက်ဈေးအတိုင်း ပေးချေရမှာ ဖြစ်ပါတယ်။ ပထမဆုံးပစ္စည်းရောက်မယ့် အကြိမ်မှာ အဦးဆုံး ကိုင်ချင်သူများအနေနဲ့ Pre-order Confirm လုပ်တဲ့အနေနဲ့ ၅၀၀၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။

Pre-order ကြေးပေးသွင်းပြီးသူများအနေနဲ့ ပထမအသုတ် ပစ္စည်းရောက်တဲ့ အကြိမ်မှာ မဝယ်ယူသေးဘဲ ဒုတိယအခေါက် ပစ္စည်းဝင်မှ ဝယ်ယူလည်း ရပါသေးတယ်။ဈေးအကျစောင့်ချင်သူများအတွက်ပါ။ Pre-order တင် ဝယ်ယူသူများကိုကျေးဇူးတုန့်ပြန်သောအားဖြင့် ကျွန်တော်တို့ လူကြီးမင်းဖုန်းဆိုင်မှ iTune Gift Card 10$ တစ်ကဒ်နဲ့ ကျောပိုးအိတ်တစ်လုံး မေတ္တာ လက်ဆောင်များ ပြန်လည်ပေးသွားအုံးမှာဖြစ်ပါတယ်” ဟု လူကြီးမင်းဖုန်းဆိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကြိုတင်မှာယူလိုသူတွေအနေနဲ့ လူကြီးမင်း Hot Line နံပါတ်ဖြစ်တဲ့ ဖုန်း 09453344800 သို့ ဆက်သွယ်ပြီး မှာယူနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း