iPhone 8 နဲ့ 8 Plus ဖုန်းရဲ့ ကင်မရာစနစ်မှာ ပျောက်နေတဲ့ HDR ခလုတ်ကို ဘယ်လိုပြန်ဖော်မလဲ

iPhone 8 နဲ့ 8 Plus ဖုန်းတွေရဲ့ ကင်မရာစနစ်မှာ ဓာတ် ပုံတွေကို normal အနေနဲ့ ရိုက်ကူး နိုင်သလို HDR ဓာတ်ပုံအနေနဲ့ လည်းရိုက်ကူးနိုင်ပါတယ်။ ကင် မရာစနစ်မှာပါဝင်တဲ့ HDR ခလုတ် လေးကို ကိုယ့်အနေနဲ့ စိတ်ကြိုက် On ဒါမှမဟုတ် Off လုပ်ထားနိုင် ပါတယ်။ ဒီလိုမျိုးကို iOS 11 မှာ တင်ထားတဲ့ ဖုန်းတွေမှာသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်ကို ကိုယ့်အနေနဲ့ မသုံးလိုရင်တော့ Off လုပ်ဖျောက်ထား နိုင်မှာဖြစ်ပြီး အလွယ်တကူ ပြန်ဖော်နိုင်မှာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ ကင်မရာစနစ်မှာ HDR ဆိုတဲ့ ခလုတ်လေး မပါဝင်ဘူးဆိုရင်တော့ အရင်ဆုံး ဖုန်းထဲက Settings icon ကို နှိပ်ပြီး Settings စနစ်ထဲ ဝင်လိုက်ပါ။

Settings ထဲကို ရောက်သွားရင်တော့ Camera စာသားကို ရှာပြီးနှိပ်ပါ။

Camera စာသားကို နှိပ်လိုက်ရင်တော့ Camera စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး အဲဒီထဲက Auto HDR ဆိုတဲ့စာသားကို ရှာလိုက်ပါ။ ပြီးရင်တော့ အဲဒီစာ သားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ပြီး ဖွင့်ပေးလိုက်ပါ။

ခလုတ်က အစိမ်းရောင်လး ဖြစ်သွားရင်တော့ HDR စနစ်ကို ဖွင့်လိုက်ပြီပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဖုန်းရဲ့ ကင်မရာစနစ်ထဲမှာ HDR ဆိုတဲ့ စာသားခလုတ်လေး အောက်ဖော်ပြပါ ပုံအတိုင်းပေါ်နေမှာ ဖြစ်ပါတယ်။

အဲဒီ HDR စာသားကို နှိပ်လိုက်ရင်တော့ HDR စနစ်ကို Auto ထားမလား၊ On ထားမလား၊ Off ထားမလားဆိုပြီး ရွေးချယ်နိုင်မှာလည်း ဖြစ်ပါတယ်။

တကယ်လို့ကိုယ်က HDR စနစ်ကို အသုံးမပြုဘူး။ ပုံမှန်ပဲဓာတ်ပုံ ရိုက်မယ်ဆိုရင်တော့ ခုနက ကင်မရာစနစ်ထဲမှာ Auto HDR အစား Keep Normal Photo ကိုပဲဖွင့်ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း