iPhone 13 မှာ in-display fingerprint scanner ပါဝင်လာနိုင်

လာမယ့်နှစ် နှောင်းပိုင်းမှာ မိတ်ဆက်မယ့် iPhone 13 မှာတော့ အပြောင်းအလဲ ကြီးကြီးမားမား ပါဝင်နိုင်ဖွယ် မရှိပေမယ့် in-display fingerprint ပါမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

iPhone X မော်ဒယ်တွေကစပြီး Touch ID fingerprint reader မပါဝင်ပါဘူး။ iPhone SE (2020) မှာပဲ Touch ID fingerprint reader ပါဝင်လာပါတယ်။ Face ID မျက်နှာမှတ်သားနိုင်တဲ့ နည်းပညာပဲ ထည့်သွင်းထားပါတယ်။

Face ID ကတော့ ကပ်ရောဂါကာလအတွင်း လူတွေ နှာခေါင်းစည်းတွေ တပ်ဆင်ရတာကြောင့် လက်တွေ့ အသုံးမဝင်ဘူး ဖြစ်နေပါတယ်။ လူတွေက နှာခေါင်းစည်း ဆွဲချပြီးမှပဲ ဖုန်းကို unlock လုပ်နိုင်ပါမယ်။ iPhone 13 မှာတော့ in-display fingerprint scanner ပါဝင်လာရင် ပြဿနာတွေ ပြေလည်သွားပါမယ်။ In-display display နည်းပညာကတော့ Android ဖုန်းတွေမှာ ပါဝင်လာတာ နှစ်အနည်းငယ် ကြာပါပြီ။ Bloomberg ဖော်ပြချက်အရ Apple ဟာ Face ID ကိုတော့ ပယ်ဖျက်မှာမဟုတ်ဘဲ ကြိုးမဲ့အားသွင်းစနစ်အတွက် charging port တွေကို ဖယ်ရှားနိုင်ပါတယ်။

သတင်းဖော်ပြချက်အရ Apple ဟာ ခေါက်နိုင်တဲ့မျက်နှာပြင်ကို ဆောင်ရွက်နေပြီး ကုမ္ပဏီတွင်း ရှေ့ပြေးပုံစံ စမ်းသပ်မှုလုပ်နေပါတယ်။ Apple ရဲ့ခေါက်မျက်နှာပြင်မှာ မမြင်နိုင်တဲ့ ပတ္တာပါဝင်လာပါတယ်။ အဲဒီပတ္တာက Samsung ရဲ့ခေါက်နိုင်တဲ့ display တွေနဲ့ဆင်တူပြီး ၆.၇ လက်မ အရွယ်အထိ ဖြန့်နိုင်ပါမယ်။

-စိုးထက်
Ref: GSMArena