iPhone 12 Pro Max က အကောင်းဆုံး စမတ်ဖုန်း display လို့ DisplayMate သတ်မှတ်

သုတေသနကုမ္ပဏီ DisplayMate က လေ့လာဆန်းစစ်ချက်နဲ့ ဓာတ်ခွဲခန်း စမ်းသပ်ခဲ့ပြီးနောက် စမ်းသပ်သမျှ ထုတ်ကုန်တွေထဲမှာ Apple iPhone 12 Pro Max ဟာ အကောင်းဆုံး စမတ်ဖုန်း display ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

DisplayMate ရဲ့ အကောင်းဆုံး စမတ်ဖုန်း display အဖြစ် iPhone 11 Pro Max နဲ့ iPhone XS Max တို့လည်း သတ်မှတ်ခံခဲ့ရဖူးပါတယ်။ iPhone 12 Pro Max ကတော့ DisplayMate ရဲ့ A+ စွမ်းဆောင်ရည် ရရှိထားပါတယ်။

DisplayMate ရဲ့ iPhone 12 Pro max display လေ့လာဆန်းစစ်ချက်အရ ဟန်းဆက်အသစ်မှာ “state-of-the-art” နည်းပညာအသစ် စိတ်ကူးသစ် display အသုံးပြုထားပြီး မတူညီတဲ့ မက်ထရစ် ၁၁ ခုမှာ စံချိန်တွေကို သတ်မှတ်ထားနိုင်ပါတယ်။

စိုးထက်
Ref: Mactras

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««