iPhone 12 Pro lidar sensor နဲ့လုပ်နိုင်မယ့် အလန်းစား feature

Apple ဟာ iPhone 12 Pro နဲ့ iPhone 12 Pro Max ဖုန်းမှာ ကင်မရာ ၃ လုံး အပြင် lidar sensor ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် iPhone တွေမှာ portrait mode တိုးတက်လာပြီး night mode နဲ့ နောက်ခံဝါးတဲ့ ဓာတ်ပုံကို ရိုက်ကူးနိုင်ပါတယ်။ Lidar sensor မှာ ထူးခြားတဲ့ အလန်းစား လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။

Lidar sensor ကတော့ အဝေးက အရာဝတ္ထုတွေရဲ့ အတိုင်းအတာကို ဖော်ပြပေးပါတယ်။ Lidar sensor ကို အလိုအလျောက်ကားတွေမှာလည်း အသုံးပြုခဲ့သလို ၂၀၂၀ iPad Pro မှာလည်း ထည့်သွင်းထားပါတယ်။

iPhone 12 Pro ကင်မရာက lidar sensor အသုံးပြုပြီး အရပ်တိုင်းတာတဲ့ နည်းလမ်းကို အောက်မှာ ဖော်ပြပေးပါမယ်။

(၁) iPhone ပေါ်က Measure app ကိုဖွင့်ပါ။

(၂) ကင်မရာ ဖရိန်ထဲမှာ လူခန္ဓာကိုယ်တစ်ခုလုံး ပေါ်အောင် ချိန်ထားပါ။

(၃) တစ်စက္ကန့် ဒါမှမဟုတ် နှစ်စက္ကန့်ကြာရင်တော့ လိုင်းတစ်ခု ပေါ်လာပြီး ခန့်မှန်းခြေ အရပ်ကို တိုင်းတာပေးပါတယ်။

(၄) အရပ်အတိုင်းအတာပါ ဖော်ပြထားတဲ့ ပုံကို shutter ခလုတ်နှိပ်ပြီး ရိုက်ကူးနိုင်ပါတယ်။

iPhone 12 Pro မှာပါဝင်တဲ့ lidar sensor ကိုသုံးပြီး ကျပန်း အိမ်သုံးပစ္စည်းတွေကိုလည်း တိုင်းတာနိုင်သလို အိမ်အကျယ်အဝန်း စတုရန်းပတ်ပတ်လည်ကိုလည်း တိုင်းတာပေးပါတယ်။

စိုးထက်

Ref: CNET