iPhone 12 mini နဲ့ယှဉ်ပြိုင်ဖို့ Xperia Compact ကို Sony ပြန်လည် ထုတ်လုပ်နိုင်

Sony ဟာ ၂၀၂၁ ခုနှစ်အတွင်း Compact မော်ဒယ်ကို ပြန်လည်ထုတ်လုပ်နိုင်ပြီး Xperia Compact မော်ဒယ်အသစ် ပြန်လည် ဖန်တီးနိုင်ပါတယ်။ Xperia Compact မော်ဒယ်အသစ်မှာတော့ display က ၅.၅ လက်မ ပဲရှိပြီး အရွယ်အစားက iPhone 12 mini လောက်ပဲရှိနိုင်သလို Sony ကထုတ်ထားတဲ့ ဖုန်းတွေထက်တော့ သေးငယ်ပါမယ်။

ဖုန်းသတင်းတွေ ဖော်ထုတ်တဲ့ OnLeaks ဖော်ပြချက်အရ Sony ဖုန်းသစ်အရွယ်က ၁၄၀ x ၆၈.၉ x ၈.၉ မီလီမီတာပဲ ရှိတာကြောင့် iPhone 12 mini ထက် နည်းနည်းကြီးပါတယ်။ Xperia Compact ဖုန်းမှာ ရေစက်ပုံစံ notch အတွင်း 8-megapixel ကင်မရာ ၊ ကျောဘက်မှာ 13-megapixel အဓိက ကင်မရာနဲ့ ကင်မရာ ၂ လုံး setup အပြင် 3.5mm နားကြပ်ပေါက်နဲ့ ဘေးဘက် ပါဝါခလုတ်ထဲမှာ fingerprint reader ထည့်ထားပါတယ်။

အခုသတင်းအတိုင်းသာ ဆိုရင် ၂၀၂၁ မှာထွက်မယ့် Xperia Compact ဟာ ၂၀၁၈ ခုနှစ် Xperia XZ2 Compact နောက်ပိုင်းထွက်လာတဲ့ Compact ဖုန်းဖြစ်လာပါမယ်။

-စိုးထက်
Ref: TheVerge

 

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««