iPhone 12 mini ထွက်ရှိနိုင်

Apple ရဲ့ iPhone 12 ဖုန်းတွေကတော့ အောက်တိုဘာလမှာ ထွက်ရှိလာပါမယ်။

နောက်ဆုံးထွက်လာတဲ့ ပေါက်ကြားထွက်ပေါ်မှုအရ မျက်နှာပြင် ၅.၄ လက်မအရွယ် iPhone 12 mini ထွက်ရှိမယ်လို့ သိရပါတယ်။ သတင်းအချက်အလက်ဖော်ထုတ်သူက iPhone 12 Max လို့သတင်းထွက်နေတဲ့ ဖုန်းက iPhone 12 လို့ ပြောခဲ့ပါတယ်။

Apple ဟာ ဒီနှစ်အတွင်း iPhone အသစ် ၄ မျိုးကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ Apple ရဲ့ iPhone အသစ်တွေမှာ 5G ထောက်ပံ့မှုပါဝင်ပြီး ကုမ္ပဏီရဲ့ ထိပ်တန်း 5nm ချစ်ပ်ကို အသုံးပြုလာနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««