iPhone 12 Event

Apple ချစ်သူတွေစောင့်မျှော်နေတဲ့ iPhone 12 မိတ်ဆက်ဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ အောက်တိုဘာ ၁၃ ရက်မှာ လုပ်မယ့် Apple Event ကို အင်တာနက်ဂျာနယ် Live Blog ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်

The liveblog has ended.

  • အခုဆိုရင် Apple Event ပွဲပြီးဆုံးသွားပါပြီ ကျွန်တော်တို့နဲ့ အတူကြည့်ရှုခဲ့တဲ့ ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်။ နောက် event တွေမှာလည်း စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေ

  • iPhone 12 မော်ဒယ်တွေကိုတော့ သောကြာနေ့ အောက်တိုဘာ၁၆ မှာ စတင်ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာလ ၂၃ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

  • ရောင်းချမယ့် ဈေးနှုန်းတွေပဲဖြစ်ပါတယ်

  • iPhone 12 Pro မော်ဒယ်တွေမှာ ပါဝင်လာတဲ့ LiDAR scanner အကြောင်း ရှင်းလင်းခဲ့ပါတယ်။ iPad Pro မော်ဒယ်တွေမှာ ပထမဆုံးပါဝင်ခဲ့တဲ့ LiDAR ဟာ depth sensing နဲ့ အဆင့်မြင့် AR application တွေအသုံးပြုနို်ငပါတယ်။ အလင်းအားနည်းတဲ့နေရာမှာ autofocus ကောင်းမွန်ပြီး bokeh Night Mode ဓာတ်ပုံတွေလည်း ရိုက်နိုင်ပါတယ်။

  • iPhone 12 Pro မှာတော့ 10-bit HDR ဗီဒီယိုရိုက်ကူးမှုပါဝင်လာပါတယ်။ iPhone 12 Pro ဟာ 4K ရုပ်ထွက်နဲ့ Dolby Vision HDR ရိုက်နိုင်တဲ့ ပထမဆုံး ဖုန်းကင်မရာဖြစ်ပြီး တစ်စက္ကန့်မှာ frame ၆၀အထိ ရိုက်နိုင်ပါတယ်။ ကင်မရာ app ထဲမှာ Dolby Vision ကိုတည်းဖြတ်နိုင်တဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်လာပါမယ်။

  • အလင်းရောင်နည်းပါးတဲ့အချိန်မှာ ခြောက်ဆအထိပိုမိုမြန်ဆန်တဲ့ focus တွေနဲ့ ရိုက်ကူးနိုင်မယ့် နည်းပညာလည်းပါဝင်လာပါတယ်

  • Pro မော်ဒယ်တွေရဲ့ အကြီးမားဆုံး feature ကတော့ Apple ProRAW ဖြစ်ပါတယ်။ ပရောဖက်ရှင်နယ်သုံး RAW ဓာတ်ပုံပညာနဲ့ ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက white balance နဲ့အရောင်ကို ချိန်ညှိနိုင်ပါတယ်။ ProRAW ကတော့ Apple Camera app မှာပါဝင်သလို အခြား third-party app တွေမှာလည်း ထောက်ပံ့ပေးပါမယ်။

  • Dolby Vision HDR ကိုလည်း အထောက်အပံ့ပေးထားပါတယ်

  • 10-bit HDR recording ကို အထောက်အပံ့ပေးထားပါတယ်

  • iPhone 12 Pro မှာ in-depth ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ အဆင့်မြင့် computation ဓာတ်ပုံပိုင်းအတွက် အထူး Signal Processor  ထည့်သွင်းထားပါတယ်။ Apple ရဲ့ Deep Fusion နည်းပညာမှာ ရှေ့နဲ့ နောက် ကင်မရာနဲ့ ဓာတ်ပုံကောင်းရိုက်နိုင်ဖို့  Pro မော်ဒယ်တွေမှာ ကင်မရာ sensor ၄ခုပါဝင်လာပါတယ်။

    ကျောဘက်က ကင်မရာအသစ်တွေမှာ triple-lens setup အသုံးပြုထားပြီး ၄၇ရာခိုင်နှုန်း ကြီးမားတဲ့ wide sensor နဲ့ optical image stabilization ပါဝင်လာပါတယ်။

  • iPhone 12 Pro စီးရီးဖုန်းတွေမှာတော့ ကျောဘက်မှာ မှန်ထည်နဲ့ စတီး ဒီဇို်ငးအသုံးပြုထားပါတယ်။ အပြာ၊ ငွေရောင်၊ ရွှေနဲ့ အပြာဆိုပြီး ထုတ်လုပ်ပါမယ်။ ရေနဲ့ ဖုန်ဒဏ်ခံနိုင်မယ့် IP68 အဆင့်လည်းပါဝင်လာပါတယ်။ iPhone 12 Pro ကတော့ မျက်နှာပြင် ၆.၅လက်မရှိပြီး iPhone 12 Pro Max ကတော့ ၆.၇လက်မရှိပါတယ်။

  • Apple က‌တော့ သေတ္တာအသေးလေးတွေနဲ့ iPhone 12 mini ကိုမိတ်ဆက်သွားပါတယ်။ iPhone 12 mini ကတော့ iPhone 12 နဲ့ feature အတူတူပါပဲ။ မျက်နှာပြင်ကတော့ ၅.၄လက်မရှိပြီး iPhone SE ထက်ကိုယ်ထည် သေးငယ်ပါသေးတယ်။ iPhone 12 ကိုတော့ ၇၉၉ဒေါ်လာနဲ့ စတင်ရောင်းချပေမယ့် iPhone 12 mini ကိုတော့ ၆၉၉နဲ့ စတင်ရောင်းချပါမယ်။

  • Super Retina XDR displays နဲ့ iPhone 12 Pro Max ရဲ့ screen size ကတော့ 6.7″ ပါ

  • iphone 12 mini နဲ့ iPhone 12 ရဲ့ ရောင်းချမယ့်ဈေးတွေပါ

  • အရွယ်အစားသေးသေးကိုင်ချင်တဲ့သူတွေအတွက်တော့ တော်တော်လေးအဆင်ပြေသွားမယ်

  • ကောလာဟလတွေအတိုင်း MagSafe ပြန်လာပါပြီ။ ကြိုးမဲ့အားသွင်းစနစ်ကို ရှိပြီးသား charging mat တွေနဲ့အသုံးပြုနိုင်သလို တွဲဖက်ပစ္စည်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ သံလိုက် case အသစ်လည်းပါဝင်လာပြီး ဖုန်းကျောဘက်မှာ MagSafe wallet ကိုကပ်ထားနိုင်ပါတယ်။ MagSafe Dual Charger ကတော့ Apple ထုတ်ကုန် ၂မျိုးကို တစ်ပြိုင်နက်တည်း ကြိုးမဲ့အားသွင်းနိုင်တဲ့ AirPower လိုမျိုး ထုတ်ကုန်ဖြစ်ပါတယ်။

  • iPhone 12 Mini တကယ်ထွက်လာပြီပေါ့