iPhone 12 အတွက် အလွန်ပါးလွှာတဲ့ case တွေ Totallee မိတ်ဆက်

Totallee ဟာ iPhone 12 Mini, 12, 12 Pro နဲ့ iPhone 12 Pro Max အတွက် အလွန်ပါးလွှာတဲ့ case တွေကို ထုတ်လုပ်လိုက်ပါတယ်။ Totallee ဟာ ၂၀၁၃ ခုနှစ်ကတည်းက iPhone case တွေ ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။

အလွန်ပါးလွှာတဲ့ case တွေ ထုတ်လုပ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။Totallee case ကိုတော့ အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ထားပြီး matte နဲ့ transparent ဆိုပြီး စတိုင်လ် ၂ မျိုး ရှိပါတယ်။ Transparent ကတော့ ၃၅ ဒေါ်လာ ကျသင့်ပါမယ်။ Transparent ကတော့ ပျော့ပျောင်းသလို အကြမ်းခံပါတယ်။

အလွန်ပါးလွှာတဲ့ iPhone 12 case ကလည်း ၃၅ ဒေါ်လာပဲ ကျသင့်ပါမယ်။

-စိုးထက်
Ref: 9to5Mac

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««