iPhone 12 သုံးစွဲသူတချို့ ဘက်ထရီကုန်ခန်းမှု ပြဿနာ ကြုံတွေ့နေ

iPhone 12 ဟာ ဒီဇိုင်းပြောင်းလဲထားပြီး လုပ်ဆောင်ချက် အသစ်လည်း ပါဝင်လာပါတယ်။ ဘက်ထရီသက်တမ်းကလည်း 5G ထောက်ပံ့မှုကြောင့် ကုန်ခန်းတာ မြန်နိုင်ပါတယ်။ ဒါပေမဲ့လည်း iPhone 12 သုံးစွဲသူတချို့က 5G ဒါမှမဟုတ် Wi-Fi ပိတ်ထားရင်လည်း standby mode နဲ့ဘက်ထရီကုန်ခန်းတာ ကြုံတွေ့နေရပါတယ်။

iPhone 12 Pro နဲ့ mini ဖုန်းတချို့မှာပဲ ဘက်ထရီကုန်ခန်းမှု ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ Apple ရဲ့ Community forum တွေပေါ်က Matser26A ဆိုတဲ့ ဖုန်းသုံးစွဲသူက iPhone 12 Pro ရဲ့ standby က ဘက်ထရီကုန်ခန်းမှုက iPhone 11 Pro လောက်တောင် မကောင်းဘူးလို့ ပြောထားပါတယ်။ အောက်တိုဘာလနောက်ပိုင်း iPhone 12 Pro ဝယ်ယူပြီးနောက် တစ်နာရီကို ဘက်ထရီ ၄ ရာခိုင်နှုန်း ကျဆင်းတယ်လို့ သုံးစွဲသူတွေက ပြောထားပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««