iPhone 12 မှာယူမှု iPhone 11 ထက် နှစ်ဆများပြား

ပြီးခဲ့တဲ့ အပတ်က Apple ရဲ့ iPhone 12 ကြိုတင်မှာယူမှု စတင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က Apple ဟာ ပထမဆုံး ကြိုတင်မှာယူမှုကို ပြုလုပ်ထားပါတယ်။ အစောပိုင်းလက္ခဏာတွေအရ ဖုန်းသစ်ဟာ ရောင်းအားစံချိန်တင်နိုင်ဖွယ် ရှိပါတယ်။ Apple လေ့လာဆန်းစစ်သူ မင်ချီကူက 5G iPhone 12 ကြိုတင်မှာယူမှုကတော့ ၂၀၁၉ iPhone 11 ထက်ကြိုတင်မှာယူမှု နှစ်ဆများတယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

9to5Mac သတင်းအရ ကြိုတင်မှာယူမှုက ပထမဆုံး ၂၄ နာရီ အတွင်း ဖုန်းအလုံးရေ ၁.၇ သန်းကနေ ၂ သန်း အထိ ရှိနိုင်တယ်လို့ မင်ချီကူက ခန့်မှန်းသွားပါတယ်။ အရင်နှစ်က ထွက်ခဲ့တဲ့ iPhone 11 ကတော့ မှာယူမှုက ၅၀၀,၀၀ ကနေ ၈၀၀,၀၀၀ အကြား ရှိပါတယ်။

ဒီနှစ်မှာတော့ iPhone 12 နဲ့ iPhone 12 Pro ကိုပဲ ပြီးခဲ့တဲ့ သောကြာနေ့က ကြိုတင်မှာယူခွင့်ပြုခဲ့ပါတယ်။ iPhone 12 Mini နဲ့ iPhone 12 Pro Max တွေကတော့ နိုဝင်ဘာလမှပဲ မှာယူနိုင်ပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««