iPhone 12 မော်ဒယ် ၄ မျိုးနဲ့ ထွက်ရှိနိုင်

iPhone 12 ကတော့ မော်ဒယ် ၄ မျိုးနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ အဲဒီသတင်းကိုတော့ Twitter က @a_rumors1111 ကဖော်ပြခဲ့ပါတယ်။

iPhone 12 ဟာ ဈေးနှုန်းလည်း ကွာခြားနိုင်ပါတယ်။ iPhone 12 mini ဈေးနှုန်းကတာ့ ၆၄၉ ဒေါ်လာ ကျသင့်ပြီး iPhone 12 Pro Max ကတော့ ဒေါ်လာ ၁,၃၉၉ အထိ ကျသင့်ပါမယ်။ iPhone 12 မော်ဒယ်တစ်ခုစီအတွက် memory ကိုတော့ 64/128/256GB ဆိုပြီး ထုတ်လုပ်သွားပါမယ်။ ဈေးနှုန်းမြင့်မားတဲ့ iPhone 12 ဖုန်းအတွက်128/256/512GB ဗားရှင်းတွေ ထုတ်လုပ်ပါမယ်။ iPhone 12 mini မျက်နှာပြင် အရွယ်အစားကတော့ ၅.၄ လက်မ ဖြစ်ပြီး ဒေါ်လာ ၇၉၉ အထိ ကျသင့်ပါမယ်။

Phone 64 GB 128 GB 256 GB 512 GB
Apple iPhone 12 mini $649 $699 $799 N/A
Apple iPhone 12 $749 $799 $899 N/A
Apple iPhone 12 Pro N/A $999 $1,099 $1,299
Apple iPhone 12 Pro Max N/A $1,099 $1,199 $1,399

iPhone 12 နဲ့ iPhone 12 Pro မျက်နှာပြင် အရွယ်အစားက ဆင်သလို ဒီဇိုင်းလည်း တူနိုင်ပါတယ်။ Apple ဟာ iPhone 12 Pro Max ကို ထုတ်လုပ်မှာပါ။ iPhone 12 Pro Max ဟာ အရွယ်အစားကြီးမားသလို တန်ဖိုးလည်း ကြီးမားမယ်လို့ သိရပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁,၁၀၀ ကျသင့်ပြီး 128GB storage က စတင် ရောင်းချသွားပါမယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၆.၇ လက်မ ဖြစ်ပါတယ်။ ထွက်ရှိမယ့် iPhone 12 မော်ဒယ် ၄ မျိုးနဲ့ ဈေးနှုန်းတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

သတင်းအရ တန်ဖိုးကြီး iPhone 12 မော်ဒယ် ၂ မျိုးက ထုတ်လုပ်မှု နှောင့်နှေးနိုင်တယ်လို့ သိရပါတယ်။ အခု သတင်းအချက်အလက်တွေကတော့ ကောလာဟလအဖြစ် ထွက်ပေါ်နေတာပါ။ Apple အောက်တိုဘာ ၁၃ မိတ်ဆက်ပွဲကိုပဲ စောင့်ကြည့်ရပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««