iPhone 12 နဲ့ 12 Pro မှာပါဝင်လာတဲ့ လုပ်ဆောင်ချက်အသစ်များ

iPhone 12 နဲ့ 12 Pro ကတော့ အောက်တိုဘာလ ၂၃ ရက်မှာ စတင် ရောင်းချခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ 5G အပြင် အလန်းစား လှည့်ကွက်တွေလည်း ပါဝင်လာပါသေးတယ်။

iPhone 12 တွေအားလုံးမှာ ရုပ်ထွက်ကြည်လင်စေမယ့် OLED Super Retina XDR display အသုံးပြုထားပါတယ်။ iPhone 12 မျက်နှာပြင်အရွယ်ကတော့ ၅.၇ လက်မ ဖြစ်ပြီး iPhone 12 Pro ကတော့ ၆.၁ လက်မ ဖြစ်ပါတယ်။

iPhone 12 Mini ကတော့ အသေးငယ်ဆုံးထုတ်ကုန်ဖြစ်ပြီး ၅.၄ လက်မအရွယ်ပဲ ရှိပါတယ်။ iPhone 12 Pro Max ကတော့ မျက်နှာပြင် ၆.၇ လက်မ display ရှိပါတယ်။ iPhone 12 နဲ့ 12 Mini ကိုတော့ အနက်၊ Product Red၊ အဖြူ၊ အပြာနဲ့ အစိမ်း ဆိုပြီး ထုတ်လုပ်နိုင်ကာ ၇၉၉ ဒေါ်လာနဲ့ ၆၉၉ ဒေါ်လာနဲ့ ရောင်းချပါမယ်။ iPhone 12 Pro ကိုတော့ ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချပြီး ငွေ၊ ခဲနက်နဲ့ ရွှေရောင်တို့ ရောင်းချပါမယ်။ iPhone 12 Pro Max ကိုလည်း အလားတူ အရောင်နဲ့ ၁၀၉၉ ဒေါ်လာနဲ့ စတင် ရောင်းချပါမယ်။

(၁) Night mode selfie

iPhone 12 ဖုန်းသစ်တွေနဲ့ night mode selfie ရိုက်ကူးလို့ ရပါတယ်။ အလင်းအားနည်းတဲ့ နေရာမှာ selfie ရိုက်ကူးတဲ့အခါ ဘယ်ဘက်ထိပ်မှာ night mode icon ပေါ်လာပါမယ်။

(၂) အရပ်တိုင်းပေးခြင်း

iPhone 12 Pro ဖုန်းမှာတော့ LiDAR Scanner ပါဝင်လာပါတယ်။ LiDAR အရှည်ကတောတ့ Light Detection and Ranging ဖြစ်ပါတယ်။ အဲဒီ sensor က သုံးဘက်မြင် ပုံရိပ်တွေကို ဖန်တီးပေးပြီး အဆင့်မြှင့်တင်ထားတဲ့ augmented reality ဖြစ်ပြီး Portrait ဓာတ်ပုံကို ထောက်ပံ့ပေးပါတယ်။ iPhone 12 Pro ရဲ့ Measure app မှာတော့ ကင်မရာဖရိန်က လူတစ်ယောက်ရဲ့ အရပ် အနိမ့်၊ အမြင့်ကို တိုင်းပေးပါတယ်။

(၃) ကွန်ရက်ပြောင်းလဲမှုကို ပိတ်ပင်ခြင်း

iPhone 12 ဖုန်းမှာ 5G ထောက်ပံ့မှုပါဝင်ပြီး 5G နဲ့ 4G LTE အကြား အလိုအလျောက် ပြောင်းလဲနိုင်ပါတယ်။ အဲဒီ feature က အသုံးဝင်ပေမယ့် ဘက်ထရီသုံးစွဲမှု မြင့်မားပါတယ်။ အဲဒီ feature ကိုရပ်တန့်မယ်ဆိုရင် Settings > Cellular > Cellular Data Options > Voice and Data မှာပြောင်းလဲနိုင်ပါတယ်။

(၄) Night mode သုံးပြီး time lapse ဗီဒီယိုရိုက်ကူးခြင်း

Night mode သုံးပြီး selfie ရိုက်ကူးတဲ့အခါမှာ time lapse ဗီဒီယိုကိုလည်း ရိုက်ကူးနိုင်ပါတယ်။ iPhone 12 နဲ့ 12 Pro ကတော့ flash မလိုဘဲ time lapse ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

(၅) Stable ဗီဒီယိုရိုက်ကူးခြင်း

iPhone 12 Pro ကတော့ ရွေ့လျားနေတဲ့ လူ ဒါမှမဟုတ် အရာတစ်ခုကို တည်ငြိမ်ရှင်းလင်းတဲ့ ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ iPhone 12 Pro က optical image stabilization (OIS) ဟာ ဗီဒီယိုကို တည်ငြိမ်အောင် ပြုလုပ်ပေးပြီး Wide ကင်မရာကို တစ်စက္ကန့် အကြိမ်ရေ ၅,၀၀၀ အထိ ချိန်ညှိမှု ပြုလုပ်ပေးထားတယ်။

(၆) FaceTime ခေါ်ဆိုမှု

iPhone 12 နဲ့ iPhone 12 Pro မှာ FaceTime ခေါ်ဆိုတဲ့အခါ 1080p high definition အထိ ထောက်ပံ့ပေးထားပါတယ်။

(၇) FaceID

FaceID အသုံးပြုတဲ့အခါ နှာခေါင်းစည်း ဒါမှမဟုတ် မျက်မှန်တပ်ထားတဲ့အခါ ကိုယ့်ကိုယ် မှတ်မိစေချင်တယ် ဆိုရင် အပြောင်းအလဲ လုပ်နိုင်တဲ့ ID တစ်ခု ပါဝင်လာပါတယ်။ Settings > Facee ID & Passcode > Set Up an Alternate Appearance ကနေ လုပ်နိုင်ပါတယ်။

(၈) Undo Typing

iPhone 12 မှာ မက်ဆေ့ချ်ပို့တဲ့အအခါ စာရိုက်ပြီး ရိုက်ထားတဲ့ စာတစ်ခုလုံးကို ဖျက်ချင်ရင် ဖုန်းကို ခါလိုက်ရုံပါပဲ။ အဲဒီအခါ မျက်နှာပြင်မှာ “Undo All” message ပေါ်လာပါမယ်။ ပြီးရင်တော့ “Undo” ကိုနှိပ်လိုက်ရင် စာသားတွေ ပျောက်သွားပါမယ်။

(၉) FaceTime ခေါ်ဆိုတဲ့အခါ မျက်လုံးချိန်ညှိပေးခြင်း

iOS 14 မှာ FaceTime အသုံးပြုတဲ့အခါ ကင်မရာက မျက်လုံးနဲ့ ညီနေအောင် ပြုလုပ်ပေးထားပါတယ်။ Settings > FaceTime ကိုသွားပြီး အပြောင်းအလဲလုပ်နိုင်ပါတယ်။ ပြီးရင် “Eye Contact” က toggle ကိုဖွင့်လိုက်ရုံပါပဲ။
(၁၀) အသံပါတဲ့ screen မှတ်တမ်းယူခြင်း

iOS 14 မှာ အသံနဲ့အတူ screen မှတ်တမ်းယူလို့ရပါတယ်။ Home screen menu ကိုဆွဲချပြိး “record” icon ကိုနှိပ်ပြီး မိုက်ကရိုဖုန်းပွင့်ဖို့ အချိန်ကြာကြာ ဖိနှိပ်ထားရပါမယ်။

-စိုးထက်
Ref: EliteDaily

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««