iPhone 12 စွမ်းဆောင်ရည် သာမန်အဆင့်သာရှိ

Apple က တရားဝင်မိတ်ဆက်လိုက်တဲ့ iPhone 12 စွမ်းဆောင်ရည်တွေကတော့ benchmark app တွေမှာ ထွက်လာပါတယ်။

အခုဆိုရင် Geekbench ကတော့ iPhone အသစ်တွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပြီး RAM စွမ်းဆောင်ရည်နဲ့ A14 Bionic chipset လုပ်ဆောင်နိုင်စွမ်းတွေကို ဖော်ပြလိုက်ပါတယ်။

Apple ကတော့ ပွဲအတွင်း A14 ချစ်ပ်က A12 ထက် CPU စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်းနဲ့ GPU ၃၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တယ်လို့ ပြောထားပါတယ်။ Apple ကတော့ A14 ကိုတော့ တစ်နှစ်ကထွက်ရှိခဲ့တဲ့ A12 နဲ့ နှိုင်းယှဉ်ပြသခဲ့ပါတယ်။ ဒါကြောင့် A14 ချစ်ပ်အသစ်က စွမ်းဆောင်ရည် အနည်းငယ်ပဲ တိုးတက်လာပါတယ်။

Geekbench မှာတော့ RAM 4GB ပါဝင်တဲ့ iPhone 12 ကတော့ မနှစ်ကထွက်ခဲ့တဲ့ iPhone 11 စီးရီးနဲ့ စွမ်းဆောင်ရည်တူတာကို ယှဉ်ပြထားပါတယ်။ iPhone 12 ကတော့ single-core အတွင်း ၁,၅၀၀ မှတ်နဲ့ multi-core စမ်းသပ်မှုအတွင်း ၃,၆၇၇ မှတ် ရရှိထားပါတယ်။ RAM 6GB ပါဝင်တဲ့ iPhone 12 Pro ကတော့ single-core စမ်းသပ်မှုမှာ ၁,၅၉၀ မှတ်နဲ့ multi-core မှာတော့ ၃,၈၈၁ မှတ် ရရှိထားပါတယ်။

အရင်နှစ်ကထွက်ရှိခဲ့တဲ့ A13 ချစ်ပ် Geekbench စာရင်းနဲ့ ယှဉ်ရင် iPhone အသစ်တွေက single-core မှာ ၂၀ ရာခိုင်နှုန်းနဲ့ multi-core စမ်းသပ်မှုမှာ ၈ ရာခိုင်နှုန်းလောက်ပဲ တိုးတက်လာပါတယ်။ A14 ချစ်ပ်ကတော့ 5G ပါဝင်တဲ့ စွမ်းဆောင်ရည်ပိုင်းထက် စွမ်းအင်ချွေတာမှုအပိုင်းကို အာရုံစိုက်ထားတယ်လို့ Geekbench က ပြောခဲ့ပါတယ်။

-စိုးထက်
Ref: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««