iPhone 11 Pro Max မှာ ဘက်ထရီ 4000mAh ပါဝင်

Apple iPhone 11 Pro Max မှာ ဘက်ထရီ 4,000mAh ပါဝင်တယ်လို့ ထုတ်ကုန်အတွင်းပိုင်းအထိ လေ့လာခဲ့သူက ပြောပါတယ်။ အတိအကျဆိုရရင် ဘက်ထရီ 3,969mAh ပါဝင်လာတာဖြစ်ပါတယ်။ အဲဒီပမာဏကို TENAA က ဖော်ပြခဲ့တာဖြစ်ပါတယ်။

iPhone 11 Pro Max ဘက်ထရီက 15.04Wh ဖြစ်ပြီး iPhone XS Max ဘက်ထရီ 12.08Wh ထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။ Apple ဟာ ဘက်ထရီပမာဏ ပိုများအောင် L ပုံသဏ္ဍာန်ဘက်ထရီကို အသုံးပြုခဲ့ပါတယ်။ iPhone X မှာ L ပုံစံဘက်ထရီဒီဇိုင်းကို စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Apple အနေနဲ့ Taptic Engine ကိုဖန်တီးဖို့ ရှားပါးတဲ့ဒြပ်စင်ကို ပြန်လည် သန့်စင်အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဖုန်းတစ်ခုလုံးမှာ Engine ကိုဖန်တီးဖို့ ရှားပါးဒြပ်စင် ၄ ပုံ ၁ ပုံကို အသုံးပြုထားပါတယ်။

ရှားပါးဒြပ်စင်တွေကို ပြန်လည်သန့်စင်တာဟာ မလွယ်ကူဘဲ စပီကာတွေနဲ့ actuator လိုမျိုး အစိတ်အပိုင်း အသေးစားမှာ ပါဝင်တဲ့ ဒြပ်စင်တွေက ပြန်လည်သန့်စင်ဖို့ ခက်ပါတယ်။ iPhone ၁၀၀,၀၀၀ ကိုပြန်လည်သန့်စင်တဲ့အခါ ရှားပါးဒြပ်စင် ၃၂ ကီလိုဂရမ်ရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် iPhone 11 Pro Max မှာ RAM 4GB ပါဝင်တယ်လို့ TENAA ကပြောခဲ့ပါတယ်။

စိုးထက်
Ref: GSMArena