iPhone 11 Pro နဲ့ နှင်းခဲဘောလုံးတိုက်ပွဲကို ရိုက်ကူးခဲ့တဲ့ John Wick ဒါရိုက်တာ

John Wick နဲ့ Deadpool 2 လိုမျိုးရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ ဒေးဗစ်လေ့ချ်ဟာ Apple နဲ့ပူးပေါင်းပြီး “shot on iPhone” ကြော်ငြာအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အက်ရှင်ဇာတ်ဝင်ခန်းတွေကို ပိုင်နိုင်လှတဲ့ ဒေးဗစ်လေ့ချ်ဟာ နှင်းဘောလုံးတိုက်ပွဲကို အဆင့်တစ်ခုအထိ ရောက်အောင် ရိုက်ကူးခဲ့ပါတယ်။

စက္ကန့် ၉၀ ရှိတဲ့ Snowbrawl အမည်ရကြော်ငြာမှာ မိန်းကလေးငယ်တစ်ဦးက နှင်းဘောလုံးတိုက်ပွဲအတွင်း သူငယ်ချင်းတွေနဲ့ပူးပေါင်းပြီး အစ်ကိုဖြစ်သူဦးဆောင်တဲ့ အဖွဲ့ကို အနိုင်ယူပုံ ရိုက်ကူးထားဖြစ်ပါတယ်။ ဗီဒီယိုမှာ စတန့်များစွာနဲ့ ဖုန်းနဲ့ ရိုက်ကူးဖို့ မမျှော်လင့်နို်ငတဲ့ slow-mo ရိုက်ချက်များစွာ ပါဝင်လာပါတယ်။

ဒါ့အပြင် Apple ဟာ ကြော်ငြာကို ဖန်တီးတဲ့ ရိုက်ကွင်းနောက်ကွယ်က ဗီဒီယိုကိုလည်း ဖြန့်ချိခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒေးဗစ်လေ့ချ်နဲ့ အဖွဲ့သားတွေက ကြော်ငြာကို iPhone 11 Pro နဲ့ရိုက်ကူးပေမယ့် ရိုက်ကွင်းမှာ အလွန်ကောင်းမွန်တဲ့ ကိရိယာတွေလည်း အသုံးပြုထားပါတယ်။

စိုးထက်
Ref: Cultofmac