iPhone 11 Pro ကနေ တည်နေရာ အချက်အလက်တွေကို စုဆောင်းနေ

Apple iPhone 11 Pro ဟာ သုံးစွဲသူတွေဆီက တည်နေရာအချက်အလက်တွေကို လျှို့ဝှက်စွာ စုဆောင်းနေပါတယ်။

iPhone 11 Pro ဟာ system ဝန်ဆောင်မှုတွေနဲ့ app အားလုံးအတွက် တည်နေရာအချက်အလက်ကို ပိတ်ထားတဲ့အခါမှာလည်း တည်နေရာအချက်အလက်မြား icon ကိုပြသနေတယ်လို့ KrebsOneSecurity က သုတေသီ ဘရိုင်ယန်ခရိုက်စ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီ ပြဿနာဟာ iOS 13 အသုံးပြုထားတဲ့ အခြား စမတ်ဖုန်းနဲ့ ထုတ်ကုန်မှာ မဖြစ်ပေါ်ဘဲ iPhone 11 Pro မှာပဲဖြစ်ပေါ်နေပါတယ်။

Apple အနေနဲ့ အခုကိစ္စကို စက်တင်ဘာလ နှောင်းပိုင်းမှာ ဖြစ်ပေါ်နေတဲ့ bug တစ်ခုအဖြစ် ယူဆနေပြီး Apple support forum တွေမှာလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အခုကိစ္စဟာ မှားယွင်းတစ်ခု မဟုတ်ပါဘူး။ iPhone 11 Pro မှာ ultra wideband နည်းပညာ အသုံးပြုထားပါတယ်။ ဟန်းဆက်သစ်တွေမှာ အခြား ultra wideband ထုတ်ကုန်တွေ ဘယ်မှာရှိလဲဆိုတာ သိဖို့ အကွာအဝေးအကြား သိနိုင်အောင် ပြုလုပ်ထားပါတယ်။ Apple ဟာ အဲဒီနည်းပညာကို ဖိုင်တွေဝေမျှတဲ့ AirDrop ဝန်ဆောင်မှုမှာလည်း အသုံးပြုထားတာကို ကြော်ငြာခဲ့ဖူးပါတယ်။ ဒါပေမဲ့ တည်နေရာဖော်ပြတဲ့ feature မှာအသုံးပြုထားတယ်ဆိုတာ မထုတ်ပြန်ခဲ့သေးပါဘူး။

“Ultra wideband နည်းပညာလုပ်ငန်းပိုင်းမှာ စံချိန်မီ အသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး လိုအပ်ချက်မှာလည်း တည်နေရာတချို့မှာ ပိတ်ထားဖို့ လိုအပ်တယ်ဆိုတာ ဖော်ပြထားပါတယ်။ iOS အနေနဲ့ ultra wideband ကိုပိတ်ဖို့နဲ့ စည်းမျဉ်းတွေအတိုင်း ကျင့်သုံးဖို့ တားမြစ်ထားတဲ့ တည်နေရာတွေက iPhone တွေကို သိနိုင်ဖို့ Location Services တွေ အသုံးပြုထားပါတယ်” လို့ Apple က TechCrunch ကိုပြောခဲ့ပါတယ်။

“Ultra wideband စီမံခန့်ခွဲရေးကို အသုံးပြုမှုနဲ့ တည်နေရာ အချက်အလက်ကို ထုတ်ကုန်ပေါ်မှာပဲ အသုံးပြုခဲ့ပြီး သုံးစွဲသူ တည်နေရာ အချက်အလက်ကို မစုဆောင်းပါဘူး” လို့ Apple ကပြောခဲ့ပါသေးတယ်။Apple အနေနဲ့ အသစ်ထွက်ရှိမယ့် iOS update မှာ feature အတွက် toggle ကိုထည့်သွင်းမယ်လို့ ပြောခဲ့ပါတယ်။

စိုးထက်
Ref: TechCrunch