
Price : 1,420,000 Ks (Dual SIM – 4GB/64GB)
အားသာချက်
စွမ်းဆောင်ရည်မြင့် processor ၊ မြင့်မားကောင်းမွန်တဲ့ ကင်မရာစနစ်၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုတွေ အပြင် ထွက်ခဲ့သမျှ iPhone တွေထဲမှာ ဈေးနှုန်းသင့်တင့်မှုရှိတဲ့ ဖုန်းဖြစ်ပါတယ်။ ကင်မရာ စနစ်မှာ ပါဝင်တဲ့ Night mode အသစ်က ဒီဖုန်းရဲ့ ကျေနပ်စရာကောင်းတဲ့ အားသာချက်ပဲဖြစ်ပါတယ်။
အားနည်းချက်
Display ကတော့ တခြား Flagship ဖုန်းတွေနဲ့ ယှဉ်ရင်တော့ low-res Display ဖြစ်နေတာ၊ Fast charging adapter တွေ မပါဝင်တာနဲ့ 64GB သိုလှောင်မှုပဲ ပါဝင်တာတွေက ဒီဖုန်းရဲ့ အားနည်းချက်လို့ ပြောရမှာဖြစ်ပါတယ်။
စွမ်းဆောင်ရည်
ဒီဖုန်းမှာ အမြန်နှုန်း 2.6 GHz ရှိတဲ့ 7nm+ အမျိုးအစား Apple A13 Bionic Hexa-core CPU ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB ပါဝင်ပါတယ်။ မြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ A13 Bionic chip က iPhone 11 နဲ့ ဂိမ်းကစားခြင်း၊ AI စနစ် ထောက်ပံ့ပေးခြင်းနဲ့ အခြားအသုံးပြုခြင်း မျိုးစုံအတွက် ဖုန်း စွမ်းဆောင်ရည်ကို ပုံမှန်ထက် ၂ဝ ရာခိုင်နှုန်း ပိုမိုမြန်ဆန်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ Geekbench 5 ရဲ့ Single-core ရမှတ် ၁,၃၃၃ မှတ်နဲ့ Multicore ရမှတ် ၃၂၅၁ မှတ်ရရှိထားတာက ပြိုင်ဘက် မော်ဒယ်တွေထက် ပိုမိုမြင့်မားတဲ့ ရလဒ်လို့ ဆိုရမှာဖြစ်ပါတယ်။ 4K ဗီဒီယိုကို 1080p ဗီဒီယိုအဖြစ် transcode လုပ်တာကို ၄၅ စက္ကန့်ထဲနဲ့ လုပ်နိုင်တာက iPhone XR ထက် ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းဖြစ်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
ကိုယ်ထည်တည်ဆောက်ထားမှုက လက်ထဲမှာ ကျစ်ကျစ်လျစ်လျစ်ရှိပြီး လက်တစ်ဖက်တည်း ကိုင်တွယ်အသုံးပြုမှုကလည်း ကျေနပ်စရာပါ။ ရှေ့ဘက်မျက်နှာပြင်မှာ ကင်မရာကို notch ထဲမှာ ထည့်သွင်းထားပြီး ကျောဘက်ကင်မရာကိုတော့ ဖုန်းရဲ့ ဘယ်ဘက်ထောင့်နားမှာ တပ်ဆင်ထားကာ Dual LED flash စနစ်ကိုတော့ ကင်မရာရဲ့ကပ်လျက်မှာ ထည့်သွင်းထားပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက်ဘောင်ထဲမှာ ပါဝါခလုတ်၊ အသံ အတိုးအကျယ် နဲ့ silent ခလုတ်တွေကို ဘယ်ဘက် ဘောင်ထဲမှာ ထည့်သွင်းထားပါတယ်။ အလေးချိန်ကတော့ ၁၉၄ ဂရမ်ရှိပါတယ်။
၆.၁ လက်မရှိတဲ့ မျက်နှာပြင်က Liquid Retina IPS LCD Display က 828×1792 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၇၉ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိတဲ့ပါတယ်။
ကင်မရာ
ကျောဘက်မှာ aperture f/1.8 ရှိတဲ့ 12MP Wide ကင်မရာနဲ့ aperture f/2.4 ရှိတဲ့ 12MP Ultrawide ကင်မရာ နှစ်လုံး တပ်ဆင်ထားပြီး ရှေ့ဘက်ကင်မရာကတော့ aperture f/2.2 ရှိတဲ့ 12MP wide အမျိုးအစားဖြစ်ပါတယ်။ ကင်မရာအတွက် PDAF, OIS စနစ်ထောက်ပံ့ပါဝင်ပြီး Indoor နဲ့ Outdoor ပုံတွေကို ရုပ်ထွက် ကောင်းကောင်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်သလို အရည်အသွေးကောင်းမွန်တဲ့ မြင်ကွင်းကျယ်ဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာကလည်း ရုပ်ထွက်ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာနဲ့ အနှေးရိုက်ချက် ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုပိုင်းမှာတော့ 24/30/60fps ဗီဒီယိုတွေကို 2160p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် စတူဒီယို အသံနဲ့ ဖမ်းယူရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
ကျစ်လျစ်တဲ့ ဖုန်းကိုယ်ထည်ထဲမှာ Li-Ion 3110mAh ပမာဏ ဘက်ထရီကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ 4G ကွန်ရက်သုံးပြီး Screen ရဲ့ တောက်ပမှုနှုန်း 150 nits နဲ့ အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ၁၁ နာရီနဲ့ ၁၆ မိနစ်ဝန်းကျင် အသုံးပြုနိုင်တာက တစ်ရက်တာအတွက် လုံလောက်မှုရှိတဲ့ ပမာဏလို့ ပြောရမှာဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာနဲ့ အားသွင်းမြန်ဆန်တဲ့ နည်းပညာ ထောက်ပံ့ပါဝင်ပေမယ့် အားသွင်းခေါင်း Charger ကတော့ တစ်ပါတည်း ပါဝင်မှုမရှိပါဘူး။ iPhone 11 Pro နဲ့ Pro Max တွေမှာသာ အားသွင်းမြန်ဆန်တဲ့ ၁၈ ဝပ် အားသွင်းခေါင်း ပါဝင်တာဖြစ်ပါတယ်။ အဲဒီအထက် ကန်ဒေါ်လာ ၂၅ နဲ့ USB-C to Lightning ကြိုးအတွက် ကန်ဒေါ်လာ ၁၉ ဒေါ်လာ ထပ်မံ ကုန်ကျမှာဖြစ်ပါတယ်။
သုံးသပ်ချက်
iPhone 11 က တစ်ရက်တာအတွက် လုံလောက်မှုရှိတဲ့ ဘက်ထရီနဲ့ မြန်ဆန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားသလို ကင်မရာပိုင်းကလည်း မနှစ်က ထွက်ခဲ့တဲ့ iPhone XR ထက် ပိုကောင်း လာတယ်လို့ ဆိုရမှာပါ။ ဈေးနှုန်းကလည်း XR လိုပဲ လူတိုင်းအသုံးပြုနိုင်တဲ့ ဈေးဖြစ်ပေမယ့် ဖုန်းရဲ့ အကြမ်းခံနိုင်မှု၊ ကာလာပိုင်း ပိုမိုရွေးချယ်လာနိုင်မှုနဲ့ စွမ်းဆောင်ရည်ပိုင်း မြင့်မားမှု၊ ၁၂ဝ ဒီဂရီ မြင်ကွင်းကျယ်ကင်မရာ ပါဝင်မှုတွေက iPhone သုံးစွဲသူတွေကို အထူးဆွဲဆောင်နိုင်တဲ့အတွက် မော်ဒယ်သစ် iPhone ကို စတင် အသုံးပြုမယ့်သူတွေ ရွေးချယ်သင့်တဲ့ဖုန်းလို့ သုံးသပ်ရမှာဖြစ်ပါတယ်။
GSM | LTE |
SIM | Dual SIM (Nano-SIM, dual stand-by) |
Display | IPS LCD capacitive touchscreen, 6.22 inches (19:9 ratio) |
OS | Android 8.1 (Oreo); Funtouch 4.5 |
CPU | Mediatek MT6761 Helio A22 |
GPU | PowerVR GE8320 |
Camera | 8 MP(f/2.0), AF, LED flash, panorama; Front 5 MP (f/1.8) |
Internal | 32 GB; RAM 2 GB, microSD, up to 256 GB |
Battery | Li-Po 4030 mAh |
Others | Wi-Fi 802.11 b/g/n, Bluetooth 5.0, microUSB 2.0, USB On The-Go |
Display | ![]() |
Performance | ![]() |
Camera | ![]() |
Battery | ![]() |
Hand on | ![]() |
Over all | ![]() |
-ရဲထွဋ်ဝင်း