iPhone 11 နဲ့ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်မယ့် ကင်မရာလှည့်ကွက် (၅) ခု

iPhone 11, iPhone 11 Pro ဒါမှမဟုတ် 11 Pro Max ဖုန်းမှာ အဆင့်မြှင့်တင်ထားတဲ့ zoom လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ဒါ့အပြင် Deep Fusion လို့အမည်ရတဲ့ feature သစ်နဲ့ night mode အသစ်လည်း ပါဝင်လာပါတယ်။

၂၀၁၉ က ထွက်ရှိခဲ့တဲ့ iPhone တွေမှာ ကင်မရာ လုပ်ဆောင်ချက်များစွာ ပါဝင်လာပါတယ်။ iPhone အသစ်တွေနဲ့ ဓာတ်ပုံရိုက်ကူးရတာ လွယ်ကူပေမယ့် ဓာတ်ပုံ လုပ်ဆောင်ချက် အသစ်တွေအတွက် ရှင်းလင်းချက်တွေလိုပါသေးတယ်။ ရိုက်ထားတဲ့ ဓာတ်ပုံကို zoom out လုပ်တာအပြင် Deep Fusion ဆိုတာ ဘာလဲဆိုတာ ရှင်းပြဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့် iPhone 11 မှာ ဓာတ်ပုံနဲ့ပတ်သက်တဲ့ အကြောင်းအရာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Quick settings

iPhone နဲ့အဖွဲ့လိုက်ပုံ ရိုက်ကူးမယ်ဆိုရင် ကိုယ်ပိုင် timer ကိုအသုံးပြုရပါတယ်။ Apple က settings toggle တွေကို ရွှေ့ထားပါတယ်။ သုံးစွဲသူက ဓာတ်ပုံမရိုက်ကူးခင်မှာ ချိန်ညှိမှုလုပ်ဖို့ လိုပါတယ်။

သုံးစွဲသူက toggle တွေကို မြင်ချင်တယ်ဆိုရင် ဖုန်းကို ထောင့်မတ်ကိုင်ထားဖို့ လိုပါတယ်။ မြားက လမ်းညွှန်တွေကို ပြောင်းလဲသွားမှာ ဖြစ်ပြီး flash, live photos, aspect ratio, timer နဲ့ filter တွေကို ပြသပေးပါတယ်။ ဒါ့အပြင် viewfiner ကို swipe လုပ်ပြီး toggle တွေဖော်နိုင်ပါတယ်။

ရိုက်ထားတဲ့ ဓာတ်ပုံကို zoom out လုပ်ခြင်း

iPhone 11 ရဲ့ ultrawide ကင်မရာမှာ လူသိပ်မသိတဲ့ feature တစ်ခု ပါဝင်လာပါတယ်။ အဲဒါကတော့ wide ဒါမှမဟုတ် telephoto နဲ့ရိုက်ထားတဲ့ ဓာတ်ပုံကို zoom out လုပ်တာ ဖြစ်ပါတယ်။ သုံးစွဲသူက အဖွဲ့လိုက် ဓာတ်ပုံရိုက်လိုက်တဲ့အခါ ဘောင်ထဲမှာ လူတိုင်းမပါတဲ့ ဓာတ်ပုံရိုက်မိတယ် ဆိုပါစို့။ နောက်ပိုင်းမှာ သုံးစွဲသူက Photos app ထဲသွားပြီး zoom out လုပ်ဖို့ crop လုပ်တဲ့အခါ ဓာတ်ပုံထဲက ပုံအပြည့်အစုံကို မြင်နိုင်ပါမယ်။ အဲဒီ feature ကိုအသုံးပြုဖို့ Settings app ကိုဖွင့်ပြီး Cammera ကိုရွေးပါ။ ပြီးတော့ scroll down လုပ်ပြီး Photo Capture Outside the Frame ကိုဖွင့်ပေးဖို့လိုပါတယ်။


Deep Fusion

iPhone မှာပါဝင်တဲ့ Deep Fusion ဆိုတာ setting မဟုတ်ဘဲ နည်းပညာဖြစ်ပါတယ်။ iPhone 11 မှာ Deep Fusion နည်းပညာသစ်ကို သုံးပြီး ဓာတ်ပုံတွေရိုက်ကူးပေးပါတယ်။ သုံးစွဲသူက Photo Capture Outside the Frame ပိတ်လိုက်ရင် Deep Fusion ကိုမသုံးနိုင်တော့ပါဘူး။

Night Mode

iPhone 11 ရဲ့ Night Mode အသစ်နဲ့ ပတ်သက်ပြီး အထူးအထွေမလိုပါဘူး။ iPhone ကိုယ်တိုင်က အလင်းရောင်လုံလောက်မှု ရှိ၊ မရှိ ဆုံးဖြတ်ပေးပါတယ်။ Night Mode icon ကလည်း လနဲ့ဆင်ပြီး မြားဘေးမှာ ပေါ်လာပါမယ်။

အဝါရောင်လင်းနေတယ်ဆိုရင် Night Mode active ဖြစ်နေပါတယ်။ Night Mode ခလုတ်က “1s” လိုမျိုး အချိန်ကာလကို ပြသပါတယ်။ ဓာတ်ပုံရိုက်ကူးချိန်ကို ဖော်ပြထားပါတယ်။ သုံးစွဲသူက shutter ခလုတ်ကို ဖိထားရမယ့် အချိန်ကို ရည်ညွှန်းတာပါ။ သုံးစွဲသူက Night Mode ကိုချိန်ညှိတာအပြင် icon ကို tap လုပ်ကာ ပိတ်နိုင်ပါတယ်။

Zoom ကိုချိန်ညှိခြင်း

iPhone 11 မှာ ultrawide-angle ကင်မရာနဲ့ wide ကင်မရာတစ်လုံးစီ ပါဝင်လာပါတယ်။ iPhone 11 Pro နဲ့ iPhone 11 Pro Max မှာတော့ အလားတူကင်မရာနဲ့ telephoto ကင်မရာ ပါဝင်လာပါတယ်။ ကင်မရာ ၃ လုံးစီမှာ 12 megapixels ပါဝင်လာပါတယ်။ အဓိက ကင်မရာ ကတော့ wide ကင်မရာဖြစ်ပြီး Camera app မှာ 1x လို့ ညွှန်းထားပါတယ်။ ကင်မရာတွေ အကြား ကူးပြောင်းတဲ့အခါ zoom ကို tap လုပ်ပြီး 0.5x ဒါမှမဟုတ် 2x အဖြစ်ပြောင်းလဲနိုင်ပါတယ်။ iPhone ရဲ့ viewfinder ကတော့ zoom in ဒါမှမဟုတ် out ဖြစ်သွားပါမယ်။

ဘယ်လောက်ဝေးဝေးက အရာကို zoom လုပ်နိုင်ဖို့ သုံးစွဲသူ ကိုယ်တိုင်ချိန်ညှိနိုင်ပါတယ်။ သုံးစွဲသူက zoom ပမာဏကို ကြာရှည်ဖိနှိပ်ထားပြီး zoom tool ဆွဲနိုင်ပါတယ်။ Zoom wheel အသစ်ကို သုံးပြီး 0.5x ကနေ 10x အထိ zoom ဆွဲနိုင်ပါတယ်။

စိုးထက်
Ref: CNET