iPhone အတွက် Qi dual wireless charger ကို LXORY မိတ်ဆက်

iPhone X နဲ့ iPhone 8 အတွက် Qi dual wireless charger သစ်တစ်မျိုးကို LXORY က ဖြန့်ချိလိုက်ပါတယ်။
Dual Wireless Charging Pad လို့ခေါ်တဲ့ အဆိုပါ charger သစ်ဟာ 3-in-1 Qi Charger Station” တစ်ခု ဖြစ်တယ်လို့ LXORY က ပြောပါတယ်။ Charger မှာ Qi wireless charging pad နှစ်ခု ပါဝင်တဲ့အပြင် နောက်ထပ်ထုတ်ကုန်တစ်ခုကို အားသွင်းဖို့အတွက်လည်း USB port တစ်ခု ပါဝင်လာပါတယ်။

USB-C cable (USB-C to USB-A), Lightning cable ဒါမှမဟုတ် micro USB ကနေ အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် ဒီ dual wireless charger မှာ iPhone တွေ အပူလွန်ကဲမှုကနေ ကာကွယ်ပေးမယ့် temperature sensor တစ်ခုလည်း ပါဝင်ပါတယ်။

အားနည်းချက်ကတော့ ဒီ Qi pad တွေက 5W နဲ့ပဲ အားသွင်းပေးနိုင်ပါတယ်။

တန်ဖိုးက ၂၉ ဒေါ်လာ ဖြစ်ပါတယ်။

-နောင်နောင်