iPhone အတြက္ အေရးေပၚ patch တစ္ခုကို Apple ျဖန္႔ခ်ိ

[ Zawgyi ]

Apple ဟာ တနလၤာေန႔က iPhone အတြက္ အေရးေပၚ patch တစ္ခုကုိ ျဖန္႔ခ်ိခဲ့ပါတယ္။

Apple အေနနဲ႔ အရင္ iOS update မွာ ဟက္ကာေတြအတြက္ iPhone အတြင္း jailbreak လုပ္ဖို႔ လြယ္ကူေအာင္ မွားယြင္းေဆာင္ရြက္ထားၿပီးေနာက္ အေရးေပၚ patch တစ္ခုကုိ ျဖန္႔ခ်ိတာ ျဖစ္ပါတယ္။ ဇူလိုင္လမွာ Apple က iOS 12.4 က bug အတြက္ update လုပ္ေပးခဲ့ပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ iPhone ဟက္ကာနဲ႔ jailbreak ျပဳလုပ္သူေတြက Apple ရဲ႕အမွားကုိ သတိျပဳမိၿပီး ေနာက္ဆုံးေပၚ iPhone အတြက္ jailbreak တစ္ခုကို ျဖန္႔ခ်ိလိုက္ပါတယ္။ iOS ေနာက္ဆုံးေပၚဗားရွင္း အသုံးျပဳထားတဲ့ iPhone မွာ jailbreak အသုံးျပဳလုိ႔မရတာ ကာလအေတာ္ၾကာၿပီ ျဖစ္ပါတယ္။

တနလၤာေန႔မွာေတာ့ Apple က bug ျပင္ဆင္သြားမယ့္ iOS 12.4.1 ကုိျဖန္႔ခ်ိလိုက္ပါတယ္။
iOS အားနည္းခ်က္ကုိ ရွာေဖြရာမွာ ကၽြမ္းက်င္တဲ့ လုံၿခဳံေရးသုေတသီေတြကေတာ့ Apple က ျပန္လည္မိတ္ဆက္တဲ့ bug အေဟာင္းကို ဟက္ကာေတြ အသုံးျပဳဖြယ္ရွိၿပီး iPhone သုံးစြဲသူေတြ တုိက္ခိုက္ခံရႏိုင္တယ္လို႔ သတိေပးထားပါတယ္။

Apple ကျပန္လည္မိတ္ဆက္ထားတဲ့ အားနည္းခ်က္ Safari ထဲက အားနည္းခ်က္ကုိ အသုံးျပဳႏိုင္သူ ဘယ္သူမဆို iPhone ကုိ တုိက္ခိုက္ႏိုင္တယ္လို႔ သုေတသီတစ္ဦးက ေျပာခဲ့ပါတယ္။

စိုးထက္
Ref: Vice

[ Unicode ]

Apple ဟာ တနင်္လာနေ့က iPhone အတွက် အရေးပေါ် patch တစ်ခုကို ဖြန့်ချိခဲ့ပါတယ်။

Apple အနေနဲ့ အရင် iOS update မှာ ဟက်ကာတွေအတွက် iPhone အတွင်း jailbreak လုပ်ဖို့ လွယ်ကူအောင် မှားယွင်းဆောင်ရွက်ထားပြီးနောက် အရေးပေါ် patch တစ်ခုကို ဖြန့်ချိတာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ Apple က iOS 12.4 က bug အတွက် update လုပ်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ iPhone ဟက်ကာနဲ့ jailbreak ပြုလုပ်သူတွေက Apple ရဲ့အမှားကို သတိပြုမိပြီး နောက်ဆုံးပေါ် iPhone အတွက် jailbreak တစ်ခုကို ဖြန့်ချိလိုက်ပါတယ်။ iOS နောက်ဆုံးပေါ်ဗားရှင်း အသုံးပြုထားတဲ့ iPhone မှာ jailbreak အသုံးပြုလို့မရတာ ကာလအတော်ကြာပြီ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ Apple က bug ပြင်ဆင်သွားမယ့် iOS 12.4.1 ကိုဖြန့်ချိလိုက်ပါတယ်။
iOS အားနည်းချက်ကို ရှာဖွေရာမှာ ကျွမ်းကျင်တဲ့ လုံခြုံရေးသုတေသီတွေကတော့ Apple က ပြန်လည်မိတ်ဆက်တဲ့ bug အဟောင်းကို ဟက်ကာတွေ အသုံးပြုဖွယ်ရှိပြီး iPhone သုံးစွဲသူတွေ တိုက်ခိုက်ခံရနိုင်တယ်လို့ သတိပေးထားပါတယ်။

Apple ကပြန်လည်မိတ်ဆက်ထားတဲ့ အားနည်းချက် Safari ထဲက အားနည်းချက်ကို အသုံးပြုနိုင်သူ ဘယ်သူမဆို iPhone ကို တိုက်ခိုက်နိုင်တယ်လို့ သုတေသီတစ်ဦးက ပြောခဲ့ပါတယ်။

Ref: Vice