iPhone သံုးစြဲသူေတြဆီက စုေဆာင္းထားတဲ့ အခ်က္အလက္ေတြကိုသံုးၿပီး Maps app ကို Apple ျပန္လည္ဖန္တီးေန

Apple ဟာ ကုမၸဏီရဲ႕ navigation app ျဖစ္တဲ့ Maps ဗားရွင္းသစ္တစ္မ်ိဳးကို ဖန္တီးေနတယ္လို႔ သိရပါတယ္။

ကုမၸဏီအေနနဲ႔ ကိုယ္ပိုင္ကားေတြအျပင္ iPhone သံုးစြဲသူေတြဆီကေန စုေဆာင္းထားတဲ့ အခ်က္အလက္ေတြကို အသံုးျပဳၿပီး Maps အသစ္ကို ဖန္တီးေနတာျဖစ္ပါတယ္။

အဆိုပါ Maps အသစ္ကို iOS 12 beta ဗားရွင္းသစ္နဲ႔အတူ ဆန္ဖရန္စစၥကိုနဲ႔ ေဘးဧရိယာအတြက္ ပထမဆံုး မိတ္ဆက္သြားမွာျဖစ္ပါတယ္။ ၂၀၁၈ ႏွစ္ကုန္ပိုင္းမွာေတာ့ ကယ္လီဖိုးနီးယား ေျမာက္ပိုင္းကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

ကူပါတီႏိုအေျခစိုက္ ကုမၸဏီဟာ navigation app အတြက္ third-party အခ်က္အလက္ေပၚ မွီခိုေနရမႈကို ေလွ်ာ့ခ်ဖို႔အတြက္ အခ်က္အလက္ ရယူစုေဆာင္းတဲ့ ကိုယ္ပိုင္စနစ္ကို လုပ္ေဆာင္ေနတယ္လို႔ Apple ရဲ႕ Internet Software and Services စီနီယာဒုဥကၠ႒ျဖစ္သူ Eddy Cue က ေျပာၾကားခဲ့ပါတယ္။

Third-party ေတြကို မမွီခိုတဲ့အတြက္ ရရိွမယ့္အက်ိဳးေက်းဇူးတစ္ခုက ျပင္ဆင္မႈေတြ၊ အဆင့္ျမွင့္တင္မႈေတြနဲ႔ အေျပာင္းအလဲေတြကို အလ်င္အျမန္ ျပဳလုပ္ႏိုင္ေစမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Apple ဟာ ကုမ္ပဏီရဲ့ navigation app ဖြစ်တဲ့ Maps ဗားရှင်းသစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ကိုယ်ပိုင်ကားတွေအပြင် iPhone သုံးစွဲသူတွေဆီကနေ စုဆောင်းထားတဲ့ အချက်အလက်တွေကို အသုံးပြုပြီး Maps အသစ်ကို ဖန်တီးနေတာဖြစ်ပါတယ်။

အဆိုပါ Maps အသစ်ကို iOS 12 beta ဗားရှင်းသစ်နဲ့အတူ ဆန်ဖရန်စစ္စကိုနဲ့ ဘေးဧရိယာအတွက် ပထမဆုံး မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာတော့ ကယ်လီဖိုးနီးယား မြောက်ပိုင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကူပါတီနိုအခြေစိုက် ကုမ္ပဏီဟာ navigation app အတွက် third-party အချက်အလက်ပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် အချက်အလက် ရယူစုဆောင်းတဲ့ ကိုယ်ပိုင်စနစ်ကို လုပ်ဆောင်နေတယ်လို့ Apple ရဲ့ Internet Software and Services စီနီယာဒုဥက္ကဋ္ဌဖြစ်သူ Eddy Cue က ပြောကြားခဲ့ပါတယ်။

Third-party တွေကို မမှီခိုတဲ့အတွက် ရရှိမယ့်အကျိုးကျေးဇူးတစ်ခုက ပြင်ဆင်မှုတွေ၊ အဆင့်မြှင့်တင်မှုတွေနဲ့ အပြောင်းအလဲတွေကို အလျင်အမြန် ပြုလုပ်နိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena