iPhone သုံးစွဲသူတွေ အကြိုက်တွေ့မယ့် iOS 14 feature (၆) ခု

Apple ကအသစ်မိတ်ဆက်လိုက်တဲ့ iOS 14 မှာ feature အသစ်တွေ ပါဝင်လာပါတယ်။ အဲဒီထဲကမှ ပရိသတ်တွေ အကြိုက်တွေ့မယ့် feature (၆) ခုကို ဖော်ပြလိုက်ပါတယ်။

(၁) Text ထဲမှာ tag လုပ်ခြင်း

Apple ရဲ့ Messages app ဟာ group စကားပြောဆိုမှုအတွက် အလေးပေး ဆောင်ရွက်ထားပါတယ်။ Group ထဲမှာ လူအများကြီး စကားပြောကြတဲ့အခါမှာ တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှု ရရှိဖို့ tag လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။ @ သင်္ကေတကို ရိုက်ထည့်ပြီး tag လုပ်လို့ရပါပြီ။

(၂) ထိပ်ဆုံးမှာ စကားပြောဆိုမှုကို pin လုပ်ခြင်း

Messages app ထိပ်ဆုံးမှာ ပြောစကားတစ်ခုကို pin လုပ်လိုက်နိုင်တာကြောင့် အထွေအထူး ပြန်ရှာနေစရာ မလိုတော့ပါဘူး။ Message ပို့ထားတဲ့ စာတစ်ခုခုကို pin လုပ်မယ်ဆိုရင်တော့ ညာဘက်ကို swipe လုပ်လိုက်ရုံနဲ့ ရပါတယ်။

(၃) ကိုယ်ပိုင် Translate app ပါဝင်လာ

iOS 14 မှာကိုယ်ပိုင် Translate app ပါဝင်လာပြီး မတူညီတဲ့ ဘာသာစကားတစ်ခုကို အလျင်အမြန် ဘာသာပြန်ပေးနိုင်ပါတယ်။ အင်္ဂလိပ်၊ တရုတ်မန်ဒရင်း၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ အာရဗစ်၊ ပေါ်တူဂီနဲ့ ရုရှားတို့ကို ဘာသာပြန်ပေးနိုင်တယ်။

App ကိုဖွင့်ဖို့ နည်းလမ်း ၂ ခု ရှိပါတယ်။ ဘာသာပြန်လိုတဲ့ စကားလုံးနဲ့ စကားစုရိုက်ထည့်တာ ဒါမှမဟုတ် voice-to-tex အသုံးပြုဖို့ မျက်နှာပြင်အောက်ခြေက မိုက်ကရိုဖုန်း icon ကိုနှိပ်ပြီး app ကိုဖွင့်လို့ရပါတယ်။ ဖုန်းနဲ့ စကားပြောနေစဉ်မှာ Translate app ကိုသုံးမယ်ဆိုရင်တော့ mic icon ကိုနှိပ်လိုက်ရုံပါပဲ။

(၄) App Library ပါဝင်

App Library ကတော့ နောက်ဆုံး home screen ညာဘက်မှာရှိတဲ့ screen အသစ်ဖြစ်ပါတယ်။ App တွေအားလုံးကို ကဏ္ဍအလိုက် အလိုအလျောက် စီပေးပါတယ်။ iPhone ပေါ်က app အားလုံးကို အလွယ်တကူ မြင်နိုင်အောင် ဖန်တီးပေးထားတာပါ။

(၅) ဒီဇိုင်းအသစ်နဲ့ Widget များ

iOS 14 ဟာ Android လိုပဲ home screen ထဲမှာ widget တွေကို ထည့်သွင်းလို့ရပါပြီ။ သုံးစွဲသူက widget တွေကို တိုက်ရိုက်ထည့်ပြီး အရွယ်အစား အမျိုးမျိုးကိုလည်း ရွေးချယ်လို့ရပါတယ်။ Smart Stack widget ကတော့ လိုအပ်မယ့်ထင်တဲ့ app အမျိုးမျိုးက အချက်အလက်ကိုလည်း ပြသပေးပါတယ်။

(၆) Picture in Picture

iPhone မှာ Picture in Picture လုပ်ဆောင်ချက် ပါဝင်လာပါပြီ။ Picture in Picture ကတော့ အခြား app တွေ အသုံးပြုရင်း ဗီဒီယိုတွေ ကြည့်နိုင်အောင် ထောက်ပံ့ပေးပါတယ်။ အခု လုပ်ဆောင်ချက်ကို FaceTime video call တွေနဲ့ အခြား app တွေမှာလည်း အသုံးပြုနိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««