iPhone ရဲ႕ Home Screen ေပၚမွာ ဝက္ဘက္ဆိုက္ Link button ဘယ္လိုထည့္သြင္းမလဲ

[ Zawgyi ]

iPhone ရဲ႕ Home Screen ေပၚမွာ မိမိ၀င္ၾကည့္ေနက်ျဖစ္တဲ့ ၀က္ဘ္ဆိုက္ကို ခလုတ္တစ္ခ်က္ႏွိပ္ၿပီး တုိက္႐ိုက္သြားၾကည့္ႏုိင္ဖို႔အတြက္ Shortcut တစ္ခု တစ္နည္း Link button တစ္ခု ဖန္တီးထားႏုိင္ပါတယ္။

မိမိအေနနဲ႔ ေန႔တုိင္းလိုလို ေစာင့္ၾကည့္ရတဲ့ ၀က္ဘ္ဆိုက္ထဲကို ခလုတ္တစ္ခ်က္ႏွိပ္ၿပီး ၀င္ႏုိင္ဖို႔အတြက္ အရင္ဦးဆုံး ဖုန္းထဲက သံလိုက္အိမ္ေျမွာင္ပုံစံျပထားတဲ့ Safari icon ကို ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ Search ဆိုတဲ့ အကြက္ထဲမွာ မိမိၾကည့္ေနက် ၀က္ဘ္ဆိုက္အမည္ ႐ိုက္ထည့္ၿပီး ကီးဘုတ္ေပၚက go ဆိုတာကို ႏွိပ္ၿပီး ရွာလုိက္ပါ။

၀က္ဘ္ဆိုက္ေပၚလာရင္ေတာ့ ေအာက္ဘက္ေဘာင္နားက အေပၚကို ေလးေထာင့္အကြက္ထဲကေန ျမားေလးအေပၚကို ထြက္ေနတဲ့ပုံ Share icon ေလးကို တစ္ခ်က္ႏွိပ္လိုက္ပါ။

ၿပီးရင္ေတာ့ ေဘးဘက္ကို ၾကည့္ဖို႔ Scroll ကို ဘယ္ဘက္ တစ္ခ်က္ဆြဲလိုက္ၿပီး Add to Home Screen ဆိုတဲ့ စာသားကုိ ရွာၿပီး ႏွိပ္ပါ။

ေအာက္ကပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး မိမိအေနနဲ႔ Link button အတြက္ ေျပာင္းလဲေပးခ်င္တဲ့ အမည္ကို ႐ိုက္ထည့္ ေပးႏုိင္မွာပဲျဖစ္ပါတယ္။

ၿပီးရင္ေတာ့ ဖုန္းျမင္ကြင္းရဲ႕ ညာဘက္အေပၚေထာင့္နားက Add ဆိုတဲ့စာသားကို ႏွိပ္လိုက္ပါ။

ဒါဆိုရင္ေတာ့ ဖုန္းရဲ႕ Home Screen ေပၚမွာ ၀က္ဘက္ဆုိက္ကို တုိက္႐ိုက္ခလုတ္တစ္ခ်က္ႏွိပ္ သြားၾကည့္ႏုိင္မယ့္ Link button တစ္နည္း Shortcut တစ္ခု ေပၚလာမွာျဖစ္ပါတယ္။ မိမိအေနနဲ႔ Shortcut အမည္ကို ေျပာင္းလဲေပးထားတယ္ဆိုရင္ေတာ့ ေပးထားတဲ့အမည္အတုိင္း ေတြ႔ရမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

iPhone ရဲ့ Home Screen ပေါ်မှာ မိမိ၀င်ကြည့်နေကျဖြစ်တဲ့ ၀က်ဘ်ဆိုက်ကို ခလုတ်တစ်ချက်နှိပ်ပြီး တိုက်ရိုက်သွားကြည့်နိုင်ဖို့အတွက် Shortcut တစ်ခု တစ်နည်း Link button တစ်ခု ဖန်တီးထားနိုင်ပါတယ်။

မိမိအနေနဲ့ နေ့တိုင်းလိုလို စောင့်ကြည့်ရတဲ့ ၀က်ဘ်ဆိုက်ထဲကို ခလုတ်တစ်ချက်နှိပ်ပြီး ၀င်နိုင်ဖို့အတွက် အရင်ဦးဆုံး ဖုန်းထဲက သံလိုက်အိမ်မြှောင်ပုံစံပြထားတဲ့ Safari icon ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ Search ဆိုတဲ့ အကွက်ထဲမှာ မိမိကြည့်နေကျ ၀က်ဘ်ဆိုက်အမည် ရိုက်ထည့်ပြီး ကီးဘုတ်ပေါ်က go ဆိုတာကို နှိပ်ပြီး ရှာလိုက်ပါ။

၀က်ဘ်ဆိုက်ပေါ်လာရင်တော့ အောက်ဘက်ဘောင်နားက အပေါ်ကို လေးထောင့်အကွက်ထဲကနေ မြားလေးအပေါ်ကို ထွက်နေတဲ့ပုံ Share icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ ဘေးဘက်ကို ကြည့်ဖို့ Scroll ကို ဘယ်ဘက် တစ်ချက်ဆွဲလိုက်ပြီး Add to Home Screen ဆိုတဲ့ စာသားကို ရှာပြီး နှိပ်ပါ။

အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး မိမိအနေနဲ့ Link button အတွက် ပြောင်းလဲပေးချင်တဲ့ အမည်ကို ရိုက်ထည့် ပေးနိုင်မှာပဲဖြစ်ပါတယ်။

ပြီးရင်တော့ ဖုန်းမြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက Add ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ Home Screen ပေါ်မှာ ၀က်ဘက်ဆိုက်ကို တိုက်ရိုက်ခလုတ်တစ်ချက်နှိပ် သွားကြည့်နိုင်မယ့် Link button တစ်နည်း Shortcut တစ်ခု ပေါ်လာမှာဖြစ်ပါတယ်။ မိမိအနေနဲ့ Shortcut အမည်ကို ပြောင်းလဲပေးထားတယ်ဆိုရင်တော့ ပေးထားတဲ့အမည်အတိုင်း တွေ့ရမှာဖြစ်ပါတယ်။