iPhone ရဲ့ Voicemail လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ

iPhone ရဲ့ voicemail လုပ်ဆောင်ချက်က မိမိဖုန်းဆီကို ပို့လိုက်တဲ့ စာသားမက်ဆေ့ချ်တွေကို အသံဖိုင်အနေနဲ့ ပြန်လည် နားဆင်နိုင်မှာဖြစ်သလို အသံအနေနဲ့ပို့လိုက်တဲ့ မက်ဆေ့ချ်ကိုလည်း စာသားအနေနဲ့ ဖတ်ရှုနိုင်အောင် အလိုအလျောက် ပြောင်းလဲပေးပါတယ်။ မိမိအနေနဲ့ ဖုန်းကို အသုံးပြုဖို့ အဆင်မပြေတဲ့ အချိန်မျိုးမှာ မိမိဆီဖုန်းခေါ်တဲ့သူတွေကို အသံမက်ဆေ့ချ် ချန်ထားခဲ့ဖို့အတွက်ကိုလည်း Voicemail လုပ်ဆောင်ချက်ကိုသုံးပြီး မက်ဆေ့ချ်ချန်ထားခဲ့ဖို့လည်း လုပ်ဆောင်ထားနိုင်မှာပါ။ ဖုန်းမှာ voicemail လုပ်ဆောင်ချက်ကို ဘယ်လိုစီမံအသုံးပြုရမလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး ပုံမှာပြထားသလို ဖုန်းခေါ်ဆိုတဲ့ icon လေးကို တစ်ချက်နှိပ်လိုက်ပါ။

ဖုန်းခေါ်တဲ့စနစ်ထဲကိုရောက်သွားပါလိမ့်မယ်။ အဲလိုရောက်သွားရင်တော့ အစိမ်းရောင်နဲ့ဝိုင်းပြထားတဲ့ voicemail နေရာလေးကို ထပ်နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Set Up ဆိုတဲ့ စာသားကိုနှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Apple ကနေ လျှို့ဝှက်နံပါတ်ထည့်သွင်းဖို့ တောင်းဆိုပါလိမ့်မယ်။ မိမိ အသုံးပြုချင်တဲ့ လျှို့ဝှက်နံပါတ်ကို ထည့်သွင်းပေးပြီး Done ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ တစ်ဖက်ဖုန်းခေါ်ဆိုသူကို မိတ်ဆက်စကား သို့မဟုတ် မိမိအနေနဲ့ ပြောချင်တဲ့အမှာစကားကို မိမိအသံနဲ့ စိတ်ကြိုက်ဖန်တီးထားတဲ့ Custom ပုံစံနဲ့ သတ်မှတ်နိုင်သလို iphone မှာ ပါဝင်တဲ့ Default အမှာစကားကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိမိ အသုံးပြုချင်တဲ့ပုံစံကို ရွေးချယ်ပြီး Done နှိပ်ပါ။ (မိမိအနေနဲ့ Custom သတ်မှတ်မယ်ဆိုရင် မိမိအသံနဲ့ record အနေနဲ့ ဖုန်းထဲကို အသံသွင်းပေးရမှာဖြစ်ပါတယ်။)

ဒါဆိုရင်တော့ iPhone ရဲ့ Voicemail ကို ဖုန်းမှာ စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

မှတ်ချက်။ မိမိရဲ့ ဖုန်းမှာ Voicemail အသုံးဖို့အတွက် မိမိရဲ့ မိုဘိုင်းဖုန်းလိုင်းရဲ့ အော်ပရေတာက voicemail ဝန်ဆောင်မှုကို အသုံးပြုခွင့်ပေးထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ တချို့ဖုန်းအော်ပရေတာတွေကတော့ အဆိုပါ Voicemail ဝန်ဆောင်မှုအတွက် အပိုကျသင့်ငွေကောက်ခံတဲ့အတွက် မိမိအနေနဲ့ မိမိဖုန်းမှာ အသုံးပြုဖို့ မိမိအသုံးပြုမယ့် ဆက်သွယ်ရေးအော်ပရေတာကို ကြိုတင်ဆက်သွယ် မေးမြန်းစုံစမ်းကာ အသုံးပြုသင့်ပါတယ်။

-ရဲထွဋ်ဝင်း