iPhone ရဲ့ Find My iPhone လုပ်ဆောင်ချက်ကို ဘယ်လိုသုံးမလဲ

iPhone ရဲ့ Find My iPhone လုပ်ဆောင်ချက်က မိမိအနေနဲ့ ဖုန်းမတော်တဆပျောက်ခဲ့ရင် အလွယ်တကူ ဖုန်းရဲ့တည်နေရာကို ထောက်လှမ်းသိရှိနိုင်မယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ကို ဖုန်းမပျောက်ခင်ကတည်းက ဖုန်းမှာ ဖွင့်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါမှ မိမိအနေနဲ့ မတော်တဆ ဖုန်းပျောက်ပါက အခြား iOS ထုတ်ကုန်ကဖြစ်ဖြစ်၊ သူငယ်ချင်းရဲ့ iPhone ကနေ ဖြစ်ဖြစ် ပျောက်သွားတဲ့ မိမိဖုန်းရဲ့ တည်နေရာကို ရှာဖွေကြည့်နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ပုံမှာပြထားသလို ဖုန်းရဲ့ Settings icon ကို နှိပ်လိုက်ပါ။

Settings စနစ်ထဲကိုရောက်သွားရင်တော့ ပုံမှာပြထားတဲ့အတိုင်း နာမည် (name) နေရာကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ iCloud ဆိုတဲ့ စာသားကိုတစ်ချက်နှိပ်လိုက်ပါ။

iCloud စနစ်ထဲကိုရောက်သွားပါလိမ့်မယ်။ အဲဒီထဲက Find My iPhone ဆိုတဲ့ စာသားကို တစ်ချက်ထပ်နှိပ်လိုက်ပါ။

Find My iPhone စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ အဲဒီထဲက Find My iPhone နဲ့ Send Last Location ဆိုတဲ့ စာသားနှစ်ခုစလုံး ဘေးနားက ခလုတ်တွေကို တစ်ချက်နှိပ်ပြီး ဖွင့်ပေးထားလိုက်ပါ။

ဒါဆိုရင်တော့ iPhone ရဲ့ ဖုန်းဘက်ထရီမကုန်ခင်မှာ ဖုန်းတည်နေရာကို ပို့ပေးမှာဖြစ်ပါတယ်။ အပေါ်က လုပ်ဆောင်ခဲ့တာကတော့ ဖုန်းမတော်တဆ မပျောက်ခင်မှာ ဖုန်းမှာ ကြိုတင်လုပ်ဆောင်ထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဖုန်းပျောက်သွားတဲ့ အခါမှာတော့ ဘယ်လိုမျိုး ထပ်မံ လုပ်ဆောင်ဖို့လိုမလဲ ဆိုတာကို နောက်တစ်ပတ်မှာ ဆက်လက်ပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း