iPhone မှာ သင့်စိတ်ကြိုက် browser app ကို default အနေနဲ့ ဘယ်လိုသတ်မှတ်မလဲ

ပြီးခဲ့တဲ့ WWDC ပွဲမှာ Apple အနေနဲ့ iOS 14 နဲ့ iPadOS 14 သုံးစွဲသူတွေ အနေနဲ့ iPhone ရဲ့ default email, web browser app နေရာမှာ ကိုယ်ကြိုက်တဲ့ app ကို default အနေနဲ့ ထားရှိအသုံးပြုနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ချက်က အခုမှ စတင် ခွင့်ပြုတာဖြစ်ပြီး သူ့အရင်ကတော့ Apple အနေနဲ့ iPhone နဲ့ iPad တွေမှာ သုံးစွဲသူတွေအနေနဲ့ built-in Mail app နဲ့ default search engine ဖြစ်တဲ့ Safari ကိုသာ သုံးစွဲခွင့်ပြုတာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်မှာ email နဲ့ browser apps တွေကို သင့်အနေနဲ့ နှစ်သက်ရာ အသုံးပြုနိုင်ဖို့အတွက် third-party app developer ရဲ့ updates တော့ လိုအပ်ကောင်းလိုအပ်မှာပါ။ လောလောဆယ်မှာတော့ Google Chrome ဒါမှမဟုတ် Microsoft Outlook and Edge စတဲ့ app တွေကို iOS မှာ default app အနေနဲ့ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

အဲလိုပြောင်းလဲအသုံးပြုဖို့အတွက် အရင်ဆုံး ဖုန်းရဲ့ Settings ထဲကို ဝင်လိုက်ပါ။ Settings စနစ်ထဲကို ရောက်သွားရင်တော့ သင့်အနေနဲ့ default အနေနဲ့ ထားရှိအသုံးပြုချင်တဲ့ third-party app ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Chrome ကို ရွေးချယ်ပြထားပါတယ်။

အဲလို ရွေးလိုက်ရင်တော့ Chrome ရဲ့ settings စနစ်ထဲကိုရောက်သွားပါမယ်။ အဲဒီထဲမှာ Default Browser App ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ Default Browser App စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီမှာ Safari ရဲ့ ဘေးမှာ အမှန်ခြစ်လေး ပေါ်နေပါလိမ့်မယ်။ အဲဒါက ဖုန်းကနေ Safari ကို default အနေနဲ့ ထားရှိထားတယ်ဆိုတာပါ။

သင့်အနေနဲ့ default အနေနဲ့ ထားချင်တဲ့ Chrome ကို ရွေးပေးရမှာပါ။

ဒါဆိုရင်တော့ iPhone မှာ Chrome ကို default search engine အနေနဲ့ အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««