iPhone မွာ Widgets ေတြကို ဘယ္လိုစီမံၿပီး သုံးမလဲ

[ Zawgyi ]

Widgets ဆိုတာက ဖုန္းမွာ အခ်က္အလက္ေတြနဲ႔ ဖုန္းတြင္းက App ေတြရဲ႕ updates ဆုိင္ရာေတြ ဒါမွမဟုတ္ မိမိအတြက္ အေရးပါတဲ့ ၀က္ဘ္ဆိုက္ရဲ႕ သတင္းေတြကို အလြယ္တကူနဲ႔ အခ်ိန္တိုအတြင္း ၾကည့္ရႈႏုိင္ေအာင္ အဓိကေထာက္ပံ့ေပးတဲ့ Built-in စနစ္တစ္ခုျဖစ္ပါတယ္။ ခုေဖာ္ျပေပးမယ့္ နည္းလမ္းကလည္း လက္ရွိ iOS ဗားရွင္းမွာသာ အသုံးျပဳႏုိင္တာျဖစ္ၿပီး iPhone သုံးတဲ့သူ ေတာ္ေတာ္မ်ားမ်ား သတိမျပဳမိေသးတဲ့ အခ်က္တစ္ခုလည္း ျဖစ္ပါတယ္။

တစ္ေန႔တာအတြက္ ေစာင့္ၾကည့္ရမယ့္ အေၾကာင္းအရာ ဆုိင္ရာေတြကို Widgets စနစ္ကေန မိမိစိတ္တုိင္းက် စီမံထားႏုိင္မွာျဖစ္ပါတယ္။ အရင္ဆုံး iPhone ရဲ႕Today View ကို သြားဖို႔အတြက္ ဖုန္းရဲ႕ျမင္ကြင္း ဘယ္ဘက္ကေန ညာဘက္ကို တစ္ခ်က္ ပြတ္ဆြဲလိုက္ပါ။

ၿပီးရင္ေတာ့ ေအာက္ဘက္ကို ဆြဲခ်သြားလိုက္ပါ။ Edit ဆိုတာကို ေတြ႔ပါလိမ့္မယ္။ တစ္ခ်က္ႏွိပ္လိုက္ပါ။

Edit ကို ႏွိပ္လိုက္ရင္ေတာ့ မိမိစိတ္ႀကိဳက္ Widgets ေတြကို ထပ္ၿပီး Today View ေနရာမွာ ထပ္မံထည့္သြင္းႏုိင္ပါၿပီ။ အစိမ္းေရာင္ ( + ) အေပါင္းလကၡဏာကို ႏွိပ္ၿပီး ေန႔စဥ္ စာင့္ၾကည့္ခ်င္တဲ့ App ေတြနဲ႔ သတင္းစာမ်က္ႏွာေတြကို ေရြးေပးပါ။

ၿပီးရင္ Today View မွာ အထက္ ေအာက္ အစီအစဥ္ကို မိမိစိတ္ႀကိဳက္ ျပန္လည္ စီစဥ္ႏိုင္ပါေသးတယ္။

မိမိအေနနဲ႔ ဖယ္ထုတ္ခ်င္တဲ့ Widget ရွိတယ္ဆိုရင္ အနီေရာင္ ( – ) အႏုတ္လကၡဏာကို ႏွိပ္ၿပီး Remove ဆိုတဲ့ စာသားကို ထပ္ႏွိပ္ကာ ဖယ္ထုတ္ႏုိင္ပါတယ္။

ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ iPhone ရဲ႕ Widgets စနစ္ကို အထက္မွာ ေဖာ္ျပခဲ့တဲ့ နည္းအတုိင္း စီမံ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္၀င္း

[ Unicode ]

Widgets ဆိုတာက ဖုန်းမှာ အချက်အလက်တွေနဲ့ ဖုန်းတွင်းက App တွေရဲ့ updates ဆိုင်ရာတွေ ဒါမှမဟုတ် မိမိအတွက် အရေးပါတဲ့ ၀က်ဘ်ဆိုက်ရဲ့ သတင်းတွေကို အလွယ်တကူနဲ့ အချိန်တိုအတွင်း ကြည့်ရှုနိုင်အောင် အဓိကထောက်ပံ့ပေးတဲ့ Built-in စနစ်တစ်ခုဖြစ်ပါတယ်။ ခုဖော်ပြပေးမယ့် နည်းလမ်းကလည်း လက်ရှိ iOS ဗားရှင်းမှာသာ အသုံးပြုနိုင်တာဖြစ်ပြီး iPhone သုံးတဲ့သူ တော်တော်များများ သတိမပြုမိသေးတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

တစ်နေ့တာအတွက် စောင့်ကြည့်ရမယ့် အကြောင်းအရာ ဆိုင်ရာတွေကို Widgets စနစ်ကနေ မိမိစိတ်တိုင်းကျ စီမံထားနိုင်မှာဖြစ်ပါတယ်။ အရင်ဆုံး iPhone ရဲ့Today View ကို သွားဖို့အတွက် ဖုန်းရဲ့မြင်ကွင်း ဘယ်ဘက်ကနေ ညာဘက်ကို တစ်ချက် ပွတ်ဆွဲလိုက်ပါ။

ပြီးရင်တော့ အောက်ဘက်ကို ဆွဲချသွားလိုက်ပါ။ Edit ဆိုတာကို တွေ့ပါလိမ့်မယ်။ တစ်ချက်နှိပ်လိုက်ပါ။

Edit ကို နှိပ်လိုက်ရင်တော့ မိမိစိတ်ကြိုက် Widgets တွေကို ထပ်ပြီး Today View နေရာမှာ ထပ်မံထည့်သွင်းနိုင်ပါပြီ။ အစိမ်းရောင် ( + ) အပေါင်းလက္ခဏာကို နှိပ်ပြီး နေ့စဉ် စာင့်ကြည့်ချင်တဲ့ App တွေနဲ့ သတင်းစာမျက်နှာတွေကို ရွေးပေးပါ။

ပြီးရင် Today View မှာ အထက် အောက် အစီအစဉ်ကို မိမိစိတ်ကြိုက် ပြန်လည် စီစဉ်နိုင်ပါသေးတယ်။

မိမိအနေနဲ့ ဖယ်ထုတ်ချင်တဲ့ Widget ရှိတယ်ဆိုရင် အနီရောင် ( – ) အနုတ်လက္ခဏာကို နှိပ်ပြီး Remove ဆိုတဲ့ စာသားကို ထပ်နှိပ်ကာ ဖယ်ထုတ်နိုင်ပါတယ်။

ဒါဆိုရင်တော့ မိမိအနေနဲ့ iPhone ရဲ့ Widgets စနစ်ကို အထက်မှာ ဖော်ပြခဲ့တဲ့ နည်းအတိုင်း စီမံ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။