iPhone မှာ အချိန်သတ်မှတ်ချက်နဲ့ မီဒီယာကိုစနစ်ကို ဘယ်လိုပိတ်မလဲ

iPhone မှာပါဝင်တဲ့ Built-in မီဒီယာ Player စနစ်အပြင် Third-party apps ဖြစ်တဲ့ Netflix, Hulu, YouTube, Amazon Prime ဗီဒီယို စတာတွေကို အချိန်သတ်မှတ်ချက် Timer စနစ်နဲ့ ပိတ်အောင်လုပ်လို့ ရပါတယ်။ ကိုယ့်အနေနဲ့ ညအိပ်ခါနီး သီချင်းနားထောင်ရင်း အိပ်ပျော်သွားတဲ့အခါမျိုးမှာ အလိုအလျောက်ပိတ်အောင် ခုဖော်ပြတဲ့ နည်းလမ်းကို အသုံးပြုနိုင်မှာဖြစ် ပါတယ်။

အရင်ဦးဆုံး ဖုန်းထဲက Clock app ကို ဖွင့်လိုက်ပါ။

Timer စနစ်ထဲကို ရောက်သွားပါလိမ့်မယ်။ ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက်အောက်ထောင့်နားက Timer ဆိုတဲ့စာသားပါတဲ့ icon လေးကို နှိပ်ပါ။

ပြီးရင်တော့ Timer ရဲ့ ကြာ ချိန်ကို ရွေးချယ်သတ်မှတ်ပေးပါ။ ကိုယ့်အနေနဲ့ တစ်နာရီကြာဖွင့်မယ် ဆိုရင် တစ်နာရီထားပြီး ကြာချိန် သတ်မှတ်လိုက်ပါ။

ကြာချိန်သတ်မှတ်ပြီးရင်တော့ When Timer Ends ဆိုတဲ့ စာသား ကိုရှာပြီးနှိပ်ပါ။ ဘယ်အချိန်မှာ ရပ်တန့်မယ် ဆိုတာကို ရွေးချယ် ပေးရမှာဖြစ်ပါတယ်။

When Timer Ends ဆိုတဲ့ စာသားကို နှိပ်လိုက်ရင်တော့ သူနဲ့ ဆိုင်တဲ့ စနစ်ထဲကို ရောက်သွားမှာ ဖြစ်ပြီး အဲဒီထဲကမှ Stop Playing ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။

Stop Playing ကို နှိပ်ပြီးရင် တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ် ထောင့်နားက Set ဆိုတဲ့ စာသားကို နှိပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ကိုယ်သတ်မှတ်ထားတဲ့ Timer အချိန်သတ်မှတ်ချက် ပြီးဆုံးသွားရင်တော့ ဖုန်းက သီချင်းဖွင့်တာ ပိတ်သွားမှာဖြစ်ပြီး ဖုန်းလည်း အလိုအလျောက် Lock ကျသွားမှာဖြစ်ပါတယ်။

သီချင်းသံ ပိတ်သွားဖို့အတွက် အချိန်သတ်မှတ်ချက် Timer စနစ်ကို သုံးထားခြင်းအားဖြင့် သီချင်းသံကို ဖုန်းကနေ silent လုပ်ပေး လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် Switch back to a tone စနစ်ကိုထပ်ပြီး set လုပ်ထားမယ်ဆိုရင်တော့ Timer စနစ်နဲ့ပိတ်အောင် သုံးနိုင်မှာဖြစ်တဲ့အပြင် နှိုးစက်အနေနဲ့ပါ အဆင်ပြေအောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Switch back to a tone စနစ်ကိုထပ်ပြီး set လုပ်ဖို့ တစ်နည်း အသုံးပြုဖို့ဆိုရင်တော့ ပုံ – ၄ မှာ ပြထားတဲ့ When Timer Ends ဆိုတဲ့ စနစ်ထိ ရောက်အောင် ပြန် ၀င်လိုက်ပါ။ When Timer Ends စနစ်ထဲကို ရောက်သွားရင်တော့ tone ဆိုတဲ့စာသားကို ရှာပြီး နှိပ်ပေးပါ။

Tone ဆိုတဲ့ အပိုင်းအောက် က SFX: Transport ဆိုတဲ့စာသား ကို ရှာပြီးနှိပ်ပေးပါ။

ပြီးရင်တော့ မြင်ကွင်းရဲ့ ညာဘက်အပေါ်ထောင့်နားက Set ဆို တဲ့စာသားကို နှိပ်လိုက်ပါ။

-ရဲထွဋ်ဝင်း