iPhone မော်ဒယ်အဟောင်းတွေအတွက် iOS 12.4.4 ကို Apple ဖြန့်ချိ

Apple ဟာ ဖုန်းအဟောင်းတွေအတွက် iOS 12.4.4 ကိုဖြန့်ချိခဲ့ပါတယ်။ iOS ထုတ်ကုန်အဟောင်းတွေက iOS 13 နဲ့မကိုက်ညီတော့တဲ့အတွက် နောက်ဆုံးပေါ် လုံခြုံရေး fix ပါဝင်တဲ့ update တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။

iOS 12.4.4 ထောက်ပံ့ထားတဲ့ ထုတ်ကုန်တွေထဲမှာ iPhone 6 နဲ့ iPhone 6s တို့ပါဝင်လာပါတယ်။ iPad ထဲမှာဆို iPad Air (ပထမဆုံးမျိုးဆက်), iPad mini 2 နဲ့ iPad mini 3 တို့ပါဝငလာပါတယ်။ iPod touch 6 အတွက်လည်း ထောက်ပံ့ပေးထားပါတယ်။

iOS 12.4.4 မှာ အရေးကြီးလုံခြုံရေး update တွေပါဝင်ပေမယ့် အပြောင်းအလဲ ကြီးကြီးမားမား မရှိပါဘူး။ အခု update ကို လုံခြုံရေးပိုင်းအတွက် iOS ထုတ်ကုန်ဟောင်းတွေ ထည့်သွင်းဖို့ Apple ကအကြံပြုထားပါတယ်။

စိုးထက်
Ref: GSMArena