iPhone နဲ့ iPad ရဲ့ Press home to open စနစ်ကို ပိတ်ထား ပြီး ဖုန်းကို Unlock လုပ်သုံးမယ်

iOS 10 မှာ iPhone နဲ့ iPad ရဲ့ Home ခလုတ်ကိုနှိပ်ကာဖုန်းကို ဖွင့်ရတာနှေးတယ်လို့ ခံစားရသူတွေအနေနဲ့ ခလုတ်ကိုဖိနှိပ်ပြီး ဖွင့်စရာမလိုဘဲ Home ခလုတ်ပေါ် လက်တင်လိုက်ရုံနဲ့ ဖုန်းကို Unlock လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ Home ခလုတ် Press Home to Unlock ဒီစနစ်ကို ကိုယ့်အနေနဲ့ စိတ်ကြိုက်ပြန်လည် ပြင်ဆင်နိုင်အောင်လည်း Apple က ထည့် သွင်းပေးထားပါတယ်။ ဖုန်းကို ဖွင့်တိုင်းမှာ Home ခလုတ်ကို ဖိပြီးနှိပ်စရာမလိုဘဲ Home ခလုတ်ပေါ် တင်လိုက်ရုံနဲ့ ဖုန်းကို ဖွင့်ပေးမှာဖြစ်ပါတယ်။ ဒီစနစ်က ဖုန်းရဲ့ Touch ID စနစ်ကိုသုံးပြီး ဖုန်းကိုဖွင့်တာဖြစ်ပါတယ်။ အဲဒါကြောင့် ဖုန်းဖွင့်တိုင်းမှာ မြန်မြန် ဆန်ဆန်ပွင့်တယ်ဆိုတဲ့ ခံစားမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး ဖုန်းရဲ့ Home screen ပေါ်က Settings icon ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။

ဖုန်းရဲ့ Settings စနစ်ထဲ ကိုရောက်သွားရင်တော့ General ကို ရှာပြီးနှိပ်ပါ။

General စနစ်ထဲကို ရောက်သွားရင်တော့ Accessibility ဆိုတဲ့ စာသားကို ရှာပြီးထပ်နှိပ်ပါ။

Accessibility စနစ်ကို ရောက်သွားရင်တော့ Home Button ဆိုတဲ့စာသားကို ရှာပြီးနှိပ်ပါ။

Home Button စနစ်ထဲ ကိုရောက်သွားရင်တော့ Rest Finger to open ဆိုတဲ့စာသား ဘေးနားက အစိမ်းရောင်ဖြစ်နေတဲ့ ခလုတ်လေးကို တစ်ချက်နှိပ်ပြီး ပိတ်လိုက်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ Home ခလုတ်ကို ဖိနှိပ်ပြီး ဖွင့်စရာမလိုဘဲ ဖုန်းရဲ့ Home ခလုတ်ပေါ်ကို လက်တင်ပေးလိုက်ရုံနဲ့ ဖုန်းကို Unlock လုပ်ပေးမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း