iPhone နဲ႔ iPad စကရင္ ၾကည့္တာမ်ားလို႔ မ်က္စိေညာင္းညာမႈ မျဖစ္ေအာင္ ဘယ္လို ႀကိဳတင္ကာကြယ္ၿပီး သုံးမလဲ

[ Zawgyi ]

လက္ရွိထြက္ထားတဲ့ iPhone နဲ႔ iPad Pro ကိုင္ေဆာင္ထားသူေတြအေနနဲ႔ ခုေနာက္ပိုင္း iDevice ေတြမွာ ပါ၀င္လာတဲ့ True Tone လုပ္ေဆာင္ခ်က္ကို အလြယ္တကူ ဖြင့္ပိတ္သုံးႏုိင္တဲ့ နည္းလမ္း ၂ မ်ဳိးကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ True Tone လုပ္ေဆာင္ခ်က္ဆိုတာက Display လုပ္ေဆာင္ခ်က္ နည္းပညာတစ္ခုျဖစ္ၿပီး ဒီနည္းပညာက iOS ထုတ္ကုန္ရဲ႕ မ်က္ႏွာျပင္ Display ကို ပတ္၀န္းက်င္ အလင္းေရာင္ေပၚ မူတည္ၿပီး ကာလာပိုင္းကို ခ်ိန္ညႇိေပးတာျဖစ္ပါ တယ္။

အခန္းတြင္းေႏြးေထြးတဲ့ အလင္းေရာင္ပတ္၀န္းက်င္မ်ဳိးမွာ ဆိုရင္ေတာ့ iDevice ရဲ႕ Display ကာလာကို ေႏြးေထြးတဲ့အေရာင္ပုံစံမ်ဳိး ေျပာင္းေပးမွာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္ ေပးတာကေတာ့ သုံးစြဲသူအတြက္ ဖုန္းၾကည့္လို႔ မ်က္စိေညာင္းညာႏုိင္မႈကို ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ Apple က ဆိုပါတယ္။ ဒီနည္းပညာကိုေတာ့ Apple ကေန ၂ဝ၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ၉.၇ လက္မအရြယ္အစား iPad Pro မွာ စတင္ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာမွ iPhone ေတြမွာ ထည့္သြင္းေပးခဲ့တာျဖစ္ၿပီး ခုဆိုရင္ iPhone ေရာ iPad မွာပါ ဒီလုပ္ေဆာင္ခ်က္ ပါ၀င္လာၿပီျဖစ္ပါတယ္။ ဒီလုပ္ေဆာင္ခ်က္က မိမိအေနနဲ႔ ကေလးေတြကို အခ်ိန္ျပည့္နီးပါး iPhone & iPad ေတြ ေပးသုံးထားေလ့ရွိတယ္ ဆိုရင္ေတာ့ သူတို႔ရဲ႕ Display ၾကည့္တာမ်ားလို႔ မ်က္စိေညာင္းညာမႈ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားႏုိင္မွာပဲ ျဖစ္ပါတယ္။
True Tone လုပ္ေဆာင္ခ်က္ကို အလြယ္တကူ အသုံးျပဳႏုိင္မယ့္ နည္းလမ္း ၂ မ်ဳိးရွိပါတယ္။

နည္းလမ္း ( ၁ )

အရင္ဆုံး Control Center ကေန အလြယ္ထိန္းခ်ဳပ္ အသုံးျပဳတဲ့နည္းကို ေဖာ္ျပေပးပါမယ္။ ဖုန္းျမင္ကြင္းရဲ႕ အေပၚေဘာင္နားကေန ေအာက္ဘက္ကို တစ္ခ်က္ ပြတ္ဆြဲလိုက္ပါ။

အဲဒါဆိုရင္ေတာ့ Control Center ပြင့္လာမွာျဖစ္ၿပီး Brightness slider ေပၚမွာ တစ္ခ်က္ႏွိပ္လိုက္ပါ။ iPad ဆိုရင္ေတာ့ စကၠန္႔အနည္းငယ္ဖိထားပါ။

အဲလိုႏွိပ္ထားလိုက္ရင္ေတာ့ ေအာက္ေဖာ္ျပပါပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး True Tone ခလုတ္ကို တစ္ခ်က္ႏွိပ္ကာ ဒီလုပ္ေဆာင္ကို ဖြင့္ႏုိင္သလုိ၊ ပိတ္ထားမယ္ဆိုရင္လည္း အခုအတုိင္း လုပ္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။

နည္းလမ္း ( ၂ )

ေနာက္တစ္နည္းကေတာ့ ဖုန္းရဲ႕ Settings icon ကို တစ္ခ်က္ႏွိပ္ၿပီး Settings စနစ္ထဲကို ၀င္လုိက္ပါ။

Settings စနစ္ထဲကို ေရာက္သြားရင္ေတာ့ Display & Brightness ဆိုတဲ့စာသားကို ရွာၿပီး ႏွိပ္ပါ။

ဒါဆိုရင္ေတာ့ Display & Brightness စနစ္ထဲကို ေရာက္သြားမွာျဖစ္ၿပီး True Tone ဆိုတဲ့ စာသားေဘးနားက ခလုတ္ကို တစ္ခ်က္ႏွိပ္ဖြင့္ကာ အသုံးျပဳႏုိင္သလို True Tone စနစ္ကို မသုံးခ်င္ရင္လည္း အလြယ္တကူ ပိတ္ထားႏုိင္မွာျဖစ္ပါတယ္။

[ Unicode ]

လက်ရှိထွက်ထားတဲ့ iPhone နဲ့ iPad Pro ကိုင်ဆောင်ထားသူတွေအနေနဲ့ ခုနောက်ပိုင်း iDevice တွေမှာ ပါ၀င်လာတဲ့ True Tone လုပ်ဆောင်ချက်ကို အလွယ်တကူ ဖွင့်ပိတ်သုံးနိုင်တဲ့ နည်းလမ်း ၂ မျိုးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ True Tone လုပ်ဆောင်ချက်ဆိုတာက Display လုပ်ဆောင်ချက် နည်းပညာတစ်ခုဖြစ်ပြီး ဒီနည်းပညာက iOS ထုတ်ကုန်ရဲ့ မျက်နှာပြင် Display ကို ပတ်ဝန်းကျင် အလင်းရောင်ပေါ် မူတည်ပြီး ကာလာပိုင်းကို ချိန်ညှိပေးတာဖြစ်ပါ တယ်။

အခန်းတွင်းနွေးထွေးတဲ့ အလင်းရောင်ပတ်ဝန်းကျင်မျိုးမှာ ဆိုရင်တော့ iDevice ရဲ့ Display ကာလာကို နွေးထွေးတဲ့အရောင်ပုံစံမျိုး ပြောင်းပေးမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင် ပေးတာကတော့ သုံးစွဲသူအတွက် ဖုန်းကြည့်လို့ မျက်စိညောင်းညာနိုင်မှုကို လျှော့ချပေးနိုင်တယ်လို့ Apple က ဆိုပါတယ်။ ဒီနည်းပညာကိုတော့ Apple ကနေ ၂ဝ၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ၉.၇ လက်မအရွယ်အစား iPad Pro မှာ စတင်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာမှ iPhone တွေမှာ ထည့်သွင်းပေးခဲ့တာဖြစ်ပြီး ခုဆိုရင် iPhone ရော iPad မှာပါ ဒီလုပ်ဆောင်ချက် ပါ၀င်လာပြီဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်က မိမိအနေနဲ့ ကလေးတွေကို အချိန်ပြည့်နီးပါး iPhone & iPad တွေ ပေးသုံးထားလေ့ရှိတယ် ဆိုရင်တော့ သူတို့ရဲ့ Display ကြည့်တာများလို့ မျက်စိညောင်းညာမှု မဖြစ်အောင် ကြိုတင်ကာကွယ်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
True Tone လုပ်ဆောင်ချက်ကို အလွယ်တကူ အသုံးပြုနိုင်မယ့် နည်းလမ်း ၂ မျိုးရှိပါတယ်။

နည်းလမ်း ( ၁ )

အရင်ဆုံး Control Center ကနေ အလွယ်ထိန်းချုပ် အသုံးပြုတဲ့နည်းကို ဖော်ပြပေးပါမယ်။ ဖုန်းမြင်ကွင်းရဲ့ အပေါ်ဘောင်နားကနေ အောက်ဘက်ကို တစ်ချက် ပွတ်ဆွဲလိုက်ပါ။

အဲဒါဆိုရင်တော့ Control Center ပွင့်လာမှာဖြစ်ပြီး Brightness slider ပေါ်မှာ တစ်ချက်နှိပ်လိုက်ပါ။ iPad ဆိုရင်တော့ စက္ကန့်အနည်းငယ်ဖိထားပါ။

အဲလိုနှိပ်ထားလိုက်ရင်တော့ အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး True Tone ခလုတ်ကို တစ်ချက်နှိပ်ကာ ဒီလုပ်ဆောင်ကို ဖွင့်နိုင်သလို၊ ပိတ်ထားမယ်ဆိုရင်လည်း အခုအတိုင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နည်းလမ်း ( ၂ )

နောက်တစ်နည်းကတော့ ဖုန်းရဲ့ Settings icon ကို တစ်ချက်နှိပ်ပြီး Settings စနစ်ထဲကို ၀င်လိုက်ပါ။

Settings စနစ်ထဲကို ရောက်သွားရင်တော့ Display & Brightness ဆိုတဲ့စာသားကို ရှာပြီး နှိပ်ပါ။

ဒါဆိုရင်တော့ Display & Brightness စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး True Tone ဆိုတဲ့ စာသားဘေးနားက ခလုတ်ကို တစ်ချက်နှိပ်ဖွင့်ကာ အသုံးပြုနိုင်သလို True Tone စနစ်ကို မသုံးချင်ရင်လည်း အလွယ်တကူ ပိတ်ထားနိုင်မှာဖြစ်ပါတယ်။