iPhone နဲ့ Portrait ဗီဒီယို ရိုက်ကူးနိုင်မယ့် Focos Live app

Apple ဟာ iPhone အတွက် beta အဖြစ် ၂၀၁၆ မှာ Portrait mode ကို ထည့်သွင်းခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်း Bokeh effect ဓာတ်ပုံလုပ်ဆောင်ချက်က တိုးတက်လာပေမယ့် Portrait ဗီဒီယိုတော့ မပါဝင်သေးပါဘူး။ Focos Live ဆိုတဲ့ app အသစ်ကတော့ iPhone ပေါ်မှာ Bokeh effect နဲ့ wide aperture ဗီဒီယိုရိုက်ကူးမယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းထားပါတယ်။

iPhone ရဲ့ ကင်မရာ ၂ လုံး၊ ၃ လုံးနဲ့ ရှေ့က Face ID ကင်မရာတွေနဲ့ Bokeh effect ဗီဒီယိုတွေကို wide aperture နဲ့ရိုက်ကူးနိုင်အောင် Focos Live က ဖန်တီးပေးထားပါတယ်။

Focos Live မှာ အဆင့်မြင့် feature တွေနဲ့ အရာဝတ္ထုကို ခြေရာခံတာနဲ့ auto aperture ချိန်ညှိမှုလိုမျိုး လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: 9to5Mac