
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေစဉ်မှာ လူအများစုက အိမ်မှာပဲ နေထိုင်ကြရပါတယ်။ လူတော်တော်များများက လူစုလူဝေးကို ရှောင်ကြဉ်ကြသလို အိမ်ကနေ အလုပ်လုပ်နေကြပါတယ်။ ကပ်ရောဂါကြောင့် အိမ်မှာ ဘယ်လောက်နေရမှန် မသိသေးတဲ့အတွက် ကုန်ကျစရိတ်ကို တွက်ချက်လိုပါတယ်။ iPhone နဲ့ iPad တွေနဲ့ စာအုပ်ဖတ်ရှုတဲ့အခါ စာအုပ်နဲ့ app တွေကို ဝယ်ယူလိုက်ရင် ကုန်ကျစရိတ်တွေ တက်လာနိုင်ပါတယ်။ ဒါကြောင့် iPhone နဲ့ iPad တို့မှာ စာအုပ်တွေ အခမဲ့ ဖတ်ရှုနိုင်တဲ့ app စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
Marvin
Marvin ကတော့ eBooks နဲ့ comisc တွေဖတ်နိုင်တဲ့ iOS ပေါ်က အကောင်းဆုံး app တစ်ခုဖြစ်ပါတယ်။ Marvin နဲ့ DRM မလိုတဲ့ EPUB စာအုပ်တွေ ဒါမှမဟုတ် ရင်းမြစ်မျိုးစုံက CBX နဲ့ CBR comics တွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ကိုယ်ပိုင် font တွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ ကိုယ်ပိုင် GoodReads account နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။
Hypheen
Hyphen ကတော့ iCloud ကြောင့် iPhone နဲ့ iPad မှာစာအုပ်တွေ ချောမွေ့စွာ ဖတ်ရှုနိုင်ပါတယ်။ သုံးစွဲသူရဲ့ eBook ဖိုင်တွေကို iCloud ထဲ upload လုပ်လိုက်ရင် Hyphen ကနေ ဖတ်ရှုနိုင်ပါတယ်။ Hyphen Lite ကတော့ import လုပ်တဲ့ အရေအတွက်ကို ကန့်သတ်ထားပေမယ့် အခပေး app ကတော့ မကန့်သတ်ထားပါဘူး။
Bluefire Reader
Bluefire ကတော့ အလွန်ရိုးရှင်းတဲ့ app တစ်ခုဖြစ်ပြီး Adobe Content Server ကကာကွယ်ထားတဲ့ eBook တွေကို ဖတ်နိုင်ပါတယ်။ သုံးစွဲရတာ အလွန်လွယ်ကူ ရိုးရှင်းပြီး settings လည်းနည်းပါးပါတယ်။
KyBook
KyBook ရဲ့ကိုယ်ပိုင် cloud storage မှာ ဖိုင်တွေ ထည့်သွင်းနိုင်သလို အခမဲ့ စာအုပ်တွေလည်း ရှိပါတယ်။ eBook ဖိုင်အမျိုးမျိုး ထောက်ပံ့ပေးထားပြီး theme နဲ့အခြား option တွေလည်းပါဝင်လာပါတယ်။ ဒါ့အပြင် ဖွင့်ဆိုချက်၊ မှတ်စုရေးနိုင်တဲ့ annotation tool တွေလည်းပါဝင်လာပါတယ်။ KyBook ရဲ့တစ်ချို့ feature တွေကတော့ Pro ဗားရှင်းမှာပဲ ပါဝင်လာပါတယ်။ KyBook Pro ကတော့ ၁.၉၉ ဒေါ်လာ ကျသင့်ပါမယ်။
Amazon Kindle
သုံးစွဲသူက Amazon account ဖွင့်ထားဖို့ လိုပါတယ်။ Kindle ကနေ eBook တွေဖတ်နိုင်ပါတယ်။ Amazon ရဲ့ Kindle bookstore ကတစ်ဆင့် စာအုပ်ကို ဝယ်ယူနိုင်သလို အမြည်းကိုလည်း ဖတ်ရှုနိုင်ပါတယ်။ Prime အဖွဲ့ဝင်တွေကတော့ eBook တွေကို တိုက်ရိုက်ရွေးချယ် download လုပ်နိုင်ပါတယ်။
Apple Books
Apple ရဲ့ ကိုယ်ပိုင် app မှာလည်း ဂန္ထဝင်လက်ရာတွေ၊ ခေတ်သစ်ရောင်းအားအကောင်းဆုံး စာအုပ်နဲ့ audiobook တွေရှိပါတယ်။ သုံးစွဲသူက download ဒါမှမဟုတ် ဝယ်ယူလိုက်တာကို iTunes ဒါမှမဟုတ် Apple ID နဲ့ sync လုပ်ပေးပါတယ်။ ဒါကြောင့် လိုအပ်တဲ့အခါ အခြားထုတ်ကုန်ကနေ တစ်ဆင့် ပြန်လည် download လုပ်နိုင်ပါတယ်။ iCloud ထဲက eBook ဒါမှမဟုတ် PDF ဖိုင်တွေကိုလည်း Books ကပြပေးပါတယ်။
စိုးထက်
Ref: iMore